"မား သူနဲ့ကျွန်တော်အေးဆေးဆွေးနွေးလိုက်ပါ့မယ်"

"ဒီမှာဘဲရှင်း! ငါ့သားကိုငါ့ကွယ်ရာမှာအနိုင်ကျင့်မှာကိုခွင့်မပြုပေးနိုင်ဘူး"

"ဟက် ကောင်းပြီလေ"

ဝမ်ရိပေါ်ကလက်ကဆေးမှုန့်ထုတ်နဲ့ရှောင်းကျန့်ရင်ဘက်ကိုပစ်ပေါက်လိုက်၏။ ရှောင်းကျန့်လန့်ပြီးမျက်ရည်တွေတောင်ဝဲလာခဲ့သည်။ ဝမ်ရိပေါ်မျက်နှာဒီလောက်ရုပ်ပျက်နေတာသူတစ်ခါမှမမြင်ဖူးဘူး။ သူဘာလုပ်မိလို့လဲ။

"ဘယ်သူ့အတွက်လဲ! ရှောင်းကျန့်အဲ့ဆေးကဘယ်သူအတွက်လဲခင်များဖြေ!!"

ဝမ်ရိပေါ်မျက်နှာကကြောက်ဖို့ကောင်းလောက်အောင်ကိုနီရဲလာလို့ရှောင်းကျန့်လန့်ပြီးနောက်ဆုတ်လိုက်မိ၏။

"ဘယ်က..ဘယ်ကရတာလဲ!"

"ခင်များအံဆွဲထဲက မဟုတ်ဘူး
ကျုပ်တို့အခန်းထဲက
ရှောင်းကျန့်! အဲ့ဒါဘယ်သူ့အတွက်လဲလို့မေးနေတယ်လေ!"

"အား..အားဆေး!"

ရှောင်းမားမျက်နှာကကွပ်ခနဲပျက်သွားခဲ့၏။ ဝမ်ရိပေါ်ကလည်းပိုလို့ဒေါသထွက်လာပုံရပြီးရှောင်းကျန့်ပုခုံးကိုဒေါသထွက်ထွက်နဲ့အားနဲ့လှုပ်ခါသည်။ ဝမ်ရိပေါ်အားကထိန်းချုပ်မထားတာမို့ရှောင်းကျန့်နာလို့မျက်ရည်တွေစီးကျလာခဲ့သည်။ ပုခုံးတစ်ခုလုံးကိုလှုပ်ခါနေတာမို့ရှောင်းကျန့်ခေါင်းတွေပါမူးနောက်လာခဲ့သည်။

"အားဆေး! ခင်များအားဆေးကဘယ်သူ့အတွက်လဲလို့!
ခင်များကျုပ်ကိုဘာထင်နေတာလဲ!
အဲ့သန္ဓေတားဆေးကဘယ်သူ့အတွက်လဲလို့!!"

"‌သ‌န္ဓေတားဆေး?"

"တောက်!!"

"ဝမ်ရိပေါ်!! တော်တော့!
ငါ့သားကိုလက်မပါနဲ့"

"တောက်!"

ဝမ်ရိပေါ်လွှတ်ပေးလိုက်တာနဲ့ရှောင်းကျန့်ကမိခင်ရင်ခွင်ထဲပြိုကျ၏။ သူ့စိတ်ထဲမှာမယုံနိုင်ခြင်းများစွာနဲ့မိခင်ဖြစ်သူကိုမော့ကြည့်လိုက်တယ်။ မားကသူ့အကြည့်ကိုသိတဲ့အလားမျက်နှာလွှဲသွား၏။ ရှောင်းကျန့်မျက်ရည်တွေပိုလို့စီးကျလာခဲ့တယ်။ ဝမ်ရိပေါ်အထင်လွဲလည်းလွဲဖို့ကောင်းပါတယ်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Donde viven las historias. Descúbrelo ahora