Part- 13

12.7K 1.1K 25
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 13

For unicode

"ဟင့် မခေါ်ခိုင်းနဲ့
သမားတော်ဘဲခေါ်ပေး"

ရှောင်းကျန့်ဟာနာကျင်မှုကြောင့်မျက်ရည်တွေပိုကျလာခဲ့သည်။ ချောင်ချန်းလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲသမားတော်ပင့်မလို့အပြင်ကိုဘဲပြေးထွက်လာခဲ့သည်။ အိမ်တော်မှာအလုပ်သမားတွေရှိပေမယ့်ချောင်ချန်းနဲ့ကသိပ်မရင်းနှီး။ ချောင်ချန်းမြင်းလှည်းထုတ်မလို့မြင်းဇောင်းရောက်လာတော့မြင်းပြန်ထားနေတဲ့‌ရိပေါ်ကောနဲ့တည့်တည့်တိုးသည်။

"ရိပေါ်ကော!!"

"ဘာဖြစ်လာပြန်တာလဲ"

‌ရိပေါ်ကအလျင်တလိုဖြစ်နေတဲ့ချောင်ချန်းကြောင့်မျက်မှောင်ကုတ်ကာမေးလိုက်သည်။

"သခင်လေးလေ သခင်လေးကြည့်ရတာဗိုက်အရမ်းအောင့်နေတဲ့ပုံဘဲ"

"ဘာ!!
အကောင်းကြီးကနေဘာဖြစ်တာလဲ
မင်းသေချာမစောင့်ကြည့်ထားဘူးလား"

ရိပေါ်မျက်ခုံးတွေပိုတွန့်သွားကာချောင်ချန်းကိုဘဲအပြစ်ပုံချလာခဲ့သည်။ ချောင်ချန်းကလည်းသခင်လေးရဲ့သစ္စာရှိအစေခံမို့သခင်လေးကိုအပြစ်ပေးတဲ့ရိပေါ်ကောကိုမကျေနပ်ဖြစ်မိသည်။ သူများလင်မယားဘာဖြစ်ကြမှန်းမသိပေမယ့်အပြစ်ပေးတာဘယ်သူလဲ။ အခုတော့သူ့ဘဲဒေါသလာထွက်နေတယ်..

"ရိပေါ်ကောကသခင်လေးကိုအပြစ်ပေးထားလို့သခင်လေးဒီလိုဖြစ်တာ"

"ဟာကွာ မင်းသူ့ကိုဘာမှမကျွေးဘူးလား!!
ဒီအိမ်ကလူတွေကရောဘာလုပ်နေကြတာလဲ
သူတို့သခင်လေးထမင်းမစားတာဘယ်သူမှချော့မကျွေးကြဘူးလား တောက်!!
သွား! တစ်ယောက်ယောက်ကိုသမားတော်သွားပင့်ခိုင်းလိုက်
ပြီးရင်လူစုထား အားလုံးကိုအပြစ်ပေးမယ်"

ဝမ်ရိပေါ်ချောင်ချန်းကိုကျော်ကာသူတို့နှစ်ယောက်အိပ်ခန်းဆီကိုဘဲအပြေးလှမ်းလာလိုက်သည်။ ကုတင်ပေါ်မှာရှောင်းကျန့်ကပြတင်းပေါက်ဘက်ကိုကျောခိုင်းလို့ကွေးကွေးလေးလှဲနေခဲ့သည်။

"ရှောင်းကျန့်!"

ရိပေါ်သူ့ကိုယ်သူဒေါသဖြစ်မိတယ်။ ဘယ်လောက်ဘဲစိတ်ဆိုးစိတ်ဆိုးရှောင်းကျန့်ကိုတော့အပြစ်မပေးခဲ့သင့်ဘူး...။ ရိပေါ်ကရှောင်းကျန့်ဆံပင်ရှည်တွေကိုသိမ်းယူလိုက်ပြီးရှောင်းကျန့်ခေါင်းကိုမကာသူ့ပေါင်ပေါ်မှာတင်ထားလိုက်၏။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now