အပိုင်း၁၇(ထွက်ပြေးသွားသောအလှလေး)

2.3K 125 1
                                    


                    အပိုင်း(၁၇)
           ထွက်ပြေးသွားသောအလှလေး

မနက်စာစားပွဲဝိုင်း‌သည် ပုံမှန်အချိန်ထက်စာရင် တိတ်ဆိတ်မှုတွေသာကြီးစိုးနေတော့သည်။ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကမှ နွေးထွေးဖွယ်လေထုရှိသယောင်ယောင်ဖြစ်နေသော စားပွဲဝိုင်းလေးက ဘာဖြစ်လို့များ ရုတ်ချည်းအေးစက်သွားရတာလဲ။ အကြောင်းအရင်းကတော့...

လွန်ခဲ့သော၁၀မိနစ်ခန့်

" ကိုကို သဘောကျလား"

" အင်း.."

မေးခွန်းရဲ့‌အဖြေလေးကိုသာ ပြန်လည်တုန့်ပြန်ပြီးတိတ်ဆိတ်သွားတဲ့ကိုကို့ကြောင့် မာန်အနည်းငယ်တော့ဘဝင်မကျချင်။

"ကိုကို.."

" ပြောလေ"
ကြက်ဥပေါင်မုန့်ကြော် တစ်ဖဲ့စားရင်ပြန်ဖြေလာသောကိုကိုကြောင့် မာန်အသည်းယားလာရသည်။

လူကိုခေါ်ပြီးဘာစကားမှမပြောပဲ စိုက်ကြည့်နေသောသခင်လေးကြောင့် ကြက်သီးတွေတောင်ထလာသယောင်။

" ပြောစရာရှိလို့လား.."

" အင်း ရှိတယ် မောင် အခုပြောတဲ့စကားတွေကိုမငြင်းပဲသေချာနားထောင်ပေးပါ။"

မောင်လို့သုံးနှုန်းပြီး အမူအရာကအစအလေးအနက်ဖြစ်နေသောသခင်လေးကြောင့်ရောင် ရင်တွေတောင် တုန်လာသယောင် စိတ်ထဲမှာ‌တော့
* တွေးထားတဲ့အတွေး လိုမပြောပါနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။"*

သို့သော်လည်း သခင်လေးရဲ့စကားသံကိုကြားလိုက်ရတဲ့အချိန်မှာ ရောင်စဉ်၏ဆုတောင်းတွေဟာမပြည့်မှန်းသိလိုက်ရသည်။
သခင်လေးပြောလိုက်တာက

" မောင် ကိုကို့ ကိုချစ်တယ်" တယ်တဲ့လေ
ထိုစကားအဆုံးမှာရောင်ဘာပြန်ပြောလို့ပြန်ပြောရမှန်းတောင်စကားအစရှာမရဖြစ်သွားရသည်။

" ဟို သခင်လေး ကငယ်သေးလို့ စိတ်ကစားတာဖြစ်ပါလိမ့်မယ် သခင်လေးရဲ့စိတ်ခံစားချက်ကိုပြန်ပြီးသေချာ စမ်းသပ်ပြီးမှ .."

" တောက်!.."
ကိုကိုပြန်ပြောလာတဲ့စကားကြောင့်မာန်အကြီးအကျယ်ဒေါသထွက်ရသည်။ ဒီကောင်က စိတ်ခံစားချက်ကိုသေချာမစစ်ပဲ ဖွင့်ပြောနေတာထင်နေတာလား!

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now