အပိုင်း၁(အတိတ်ကဖြစ်ရပ်များ)

6.2K 121 0
                                    

၂၀၀၂ခုနစ်၊ ခြောက်လပိုင်း တစ်ရက်နေ့။

နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ကျွန်တော်နေထိုင်ရာမြို့လေးက သိပ်ကိုအေးချမ်းတယ်။ ဥတုသုံးပါးလုံးရဲ့မနက်ခင်းတိုင်းမှာ မြူခိုးတွေဝန်းရံနေတတ်တယ်။ ပြီးတော့ ဒေစီတွေလဲများစွာပေါက်သတဲ့။ ဒေစီတွေက ကျွန်တော်တို့နယ်မြို့လေးရဲ့ ပြယုဒ်လို့လဲပြောကြတယ်။ မွေးကတည်းက ဒေစီတွေပတ်လည်မှာမွေးဖွားလာပေမဲ့ ဘယ်သောအခါမှဒေစီတွေက ရိုးအီသွားတယ်ဆိုတဲ့ခံစားချက်ကိုမပေးဘူး။ ဒေစီတွေကိုကြည့်လိုက်တိုင်း အမြဲတမ်းအေးချမ်းနေတယ်။

ကျွန်တော့်ရဲ့ မနက်ခင်းတိုင်းဟာရိုးရှင်းလှပါတယ်။ ကျောင်းဖွင့်ချိန်ဆို ပုံမှန်ထက် တစ်နာရီစောထပြီး ကျောင်းသွားဖို့အမီပြင်ဆင်ရတယ်။ ကျွန်တော်နေထိုင်ရာစံအိမ်ကြီးနဲ့ ကျွန်တော်တတ်ရတဲ့ကျောင်းက စက်ဘီးနဲ့ဆို နာရီဝက်ကျော်ကျော်လောက်ခရီးနှင်ရပြီး၊ ခြေကျင်ဆို တစ်နာရီနီးပါးလောက် သွားရတယ်။ ကျောင်းပိတ်တဲ့ သုံးလမှာဆို  ကျွန်တော့်ရဲ့ တာဝန်က သိပ်ကိုနည်းတယ်။
ပုံမှန်အိပ်ရာထချိန် ခြောက်နာရီလောက်ထရတယ်။ ပြီးတော့ စံအိမ်ကြီးရဲ့အရှင်သခင်တစ်ပါးဖြစ်တဲ့ သခင်ငယ်လေးနဲ့မတွေ့အောင်ရှောင်ရတယ်။

သခင်ငယ်လေးက ကျွန်တော့်ထက် အသက်တစ်နှစ်တိတိငယ်ပါတယ်။ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ကောင်လေးကို ဘာလို့ကြောက်နေရသလဲလို့မေးရင် ကျွန်တော့်မှာပြန်ဖြေစရာအဖြေက သိပ်ကိုနည်းပါတယ်။
နံပါတ်တစ်- အလုပ်ရှင်မို့လို့။
နံပါတ်နှစ်- ကျွန်တော့်ကိုသိပ်ကိုမုန်းတီးနေတဲ့သူမို့လို့။

ဘာကြောင့်များ သခင်ငယ်လေးက ကျွန်တော့်ကိုမုန်းတီးသွားရသလဲဆိုတဲ့အကြောင်းအရင်းကို ကျွန်တော်သေချာမသိ။ ကျွန်တော့်ရဲ့ ပထမဆုံး နှလုံးခုန်သံပိုင်ရှင်အချစ်ဦးက ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့လို့လား။
ဒါမှမဟုတ်.ကျွန်တော်ရဲ့ အဆင့်အတန်းက သိပ်ကိုနိမ့်ပါးနေခဲ့လို့လား။ စံအိမ်အရှင်သခင်တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ဖို့မထိုက်တန်လို့လား..။

အဖြေရှာမရတဲ့ မေးခွန်းထဲတွေထဲမှာ ကျွန်တော်နစ်မြုပ်နေဆဲ။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now