❀1

993 37 1
                                    

Theme Song : Nway Oo Kant Kaw (Htoo Eain Thin) 2642022

.........

မင်းကို စတွေ့တာ နွေဦးမှာ ။

ကပ်ဘေးကြောင့် ကိုယ် အလယ်ပိုင်းကိုရောက်လာရာက အစပြုတာပေါ့ ။

အမည်မသိဗိုင်းရပ်စ်ကပ်ဘေးက ပြီးခဲ့တဲ့နှစ် နွေနှောင်းပိုင်းက စ ပြီး တစ်နိုင်ငံလုံးအပေါ် ဆိုးဆိုးရွားရွားကျရောက်ခဲ့တယ် ။

အဲ့ဒီဗိုင်းရပ်စ်ပိုးက ဆန်းတယ် နောက်ပြီး ဆိုးတယ်။
ဖြစ်ရင် ကုဖို့ရာ ဆေးမရှိဘူး ။

ဖြစ်စက ကာကွယ်ဆေးပေါ်ခဲ့ပေမယ့် အဲ့ဒီကာကွယ်ဆေးက လက်တစ်ဆုပ်စာ လူနည်းစု... အင်း...  အခွင့်ထူးခံလူတန်းစားတစ်ရပ် အတွက်ပါပဲ။

" ရှမ်းမြောက်ဘက်မှာ အခြေအနေ သိပ်ဆိုးတာပဲလား..."

" ဒီလိုပါပဲ ဒေါ်ဒေါ်...  မန္တလေးထက်စာရင်တော့ ဆိုးတယ်ပဲပြောပါတော့ "

" တို့မန္တလေးလည်း ဖြစ်စက တော်တော်လေးဆိုးလိုက်ပါတယ်...လူတွေလည်းသေကြတယ်..."

" မသေသင့်ဘဲ သေသွားကြရတာပါ..."

စိတ်မလုံသံတစ်ဝက်နဲ့ဆိုမိတော့ ဒေါ်ဒေါ်က သက်ပြင်းတစ်ချက်ချရင်း ထုံးစံအတိုင်း စကားလမ်းကြောင်းလွှဲသွားတယ်။

" တိုက်ခန်းမှာ တစ်ယောက်တည်း နေရမှာဆိုတော့ မင်းတစ်ယောက်တည်း အေးအေးလူလူပါပဲ ...   နေရာကတော့ မြို့ထဲ မဟုတ်ဘူး...  မြို့သစ်ဘက်မှာ...  "

" ကားသံလူသံ သိပ်မကြားရတဲ့နေရာဆိုတော့ အေးအေးဆေးဆေးရှိမှာပါ...  အဆင်ပြေပါတယ် ဒေါ်ဒေါ်"

ရောက်သွားတော့ တကယ်လည်း နေရာက တော်တော်လေး ဆိတ်ငြိမ်ပါတယ်။
မြို့ထဲလောက် လူနေမထူထပ်တော့ လေထုကအစ အသက်ရှူချောင်တယ် ဆိုရမယ်။

တိုက်ခန်းအိမ်ရာနားက ကံ့ကော်ပင်ကြီးကတော့ ကိုယ်လို လူစိမ်းအဖို့ အထင်ကရ အရှိဆုံးပဲ ။
နွေပေါက်လာတော့ အလယ်ပိုင်းမှာ သိပ်ပူတယ် ။
လေးလွှာအထိ ချွေးတလုံးလုံးနဲ့ မတက်ခင် ကံ့ကော်ပင်အရိပ်အောက် ကိုယ့်မှာ အမောကြိုဖြေရတယ်။

အနံ့ခံ အာရုံမှာ ရွှေဝါရောင်ကံ့ကော်ဝတ်ဆံရနံ့ဟာ သင်းလို့ ။

ကံ့ကော်ပွင့်ချိန် Where stories live. Discover now