အပိုင်း ၇၂

Start from the beginning
                                    

" daddyချစ်တဲ့ မျက်လုံးတောက်တောက်လေးတွေ "

ဓာတ်ပုံလေးကိုဖွဖွထိတွေ့လျက် စကားဆိုလိုက်မိလျှင်

" ဘာပြောလိုက်တာလဲ မြေး "

အသက်ရွယ်ရလာပြီးဖြစ်သော ဒေါ်ပပသိင်္ဂီသည် မြေးဖြစ်သူကို ပြန်မေးယူရ၏။

" ဖေဖေကအရမ်းချောတယ်လို့ ပြောတာ "

" အင်း အင်း အင်း "

ခေါင်းတညိတ်ညိတ်နှင့်ပြုံးနေသော အဘွားဖြစ်သူသည် ဖေဖေအား အတော်ချစ်ပုံရပေသည်။ ဖေဖေပြောဖူးတာတော့ ဘွားဘွားကလုပ်ချင်ရာလုပ်ခဲ့တာတဲ့။ ဘာလို့ပင်ဖြစ်ပါစေ ဖေဖေနှင့်အဘွားတို့သည် တစ်ဦးအပေါ်တစ်ဦးသံယောဇဥ်ရှိကြပေ၏။ ရှိဆိုလျှင် သားအမိအရင်းပေပဲကိုး။

ဓာတ်ပုံတို့ကို တစ်ပုံပြီးတစ်ပုံလှန့်ကြည့်နေရာမှ တစ်နေရာအရောက်တွင် မထင်မှတ်ထားသော မိသားစုပုံလေးအား တွေ့လိုက်ရလျှင်

" ဒါက ! ဒါက ! "

" မြေးငယ်ငယ်ကလေ... ကြည့်ပါအုန်း။ မောင်ဒေါင်းမာန်တစ်ယောက် ကလေးနှစ်ယောက်ချီထားရတယ် "

အဘွားပြောလည်း​ ပြောချင်စရာ။ daddyမှာ ဖေဖေကို ကျောထက်ပိုးထားသည်အပြင် မကျ အောင်လည်းလက်တစ်ဖက်ဖြင့် အသာထိန်းထားရသေး၏။ ထိုပြင့် ယသော်ငယ်ငယ်မည်သော သမီးဖြစ်သူကို ကျန်လက်တစ်ဖက်ထက် မှောက်ယက်လေးအိပ်စေလျက် ရင်ဘတ်နားကပ်၍မကျအောင် ဂရုတစိုက်ပွေ့ထားပြန်လေသည်။ ကလေးနှစ်ယောက်အား ပွေ့ထားရသော်လည်း daddy၏သွင်​ပြင်မှာ မျက်နှာတစ်ချက်မပျက် ယွင်းဘဲ ခိုက်ချင်စရာ မိမိုက်နေဆဲ။

" ဒီပုံဘယ်လို့လုပ် "

" ဘွားစောင့်ကြည်ဖို့ မှာထားသူတွေဆီက ရတဲ့ပုံတွေထဲက တစ်ပုံ။ မြေးဖေဖေက ဘွားကိုစိတ်ဆိုးနေတုန်းကပေါ့ "

" ဘွားကရော ဖေဖေကိုစိတ်မဆိုးဘူးလား "

" အင်း...ဆိုးတယ်။ ဒါပေမယ့် မဆိုးဘူး။ စိတ်ပူတယ်ဆိုရင် ပိုမှန်တယ်။ မြေးဖေဖေ ဘွားသားက မွေးရာပါ သားအိမ်ပါသူဆိုတော့ ဂရုတစိုက်နဲ့​
စောင့်ကြည်နေမိတယ်။ ဘွားက မြေးဖေဖေကို ဇနီးမယားနဲ့ သာယာဖွယ်မိသားစုလေးရှိစေချင်ခဲ့တာ။ ဒါပေမယ်... "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now