Ch-8 : အိမ်မက်ဆိုး-၁

1K 149 0
                                    

Ch-8: အိမ်မက်ဆိုး-၁

လင်းရှီ သည် စာသင်ခန်းမှ ထွက်သွားပြီး ဓာတ်ခွဲခန်းကိုသွားသည်။

"ဆရာ၊ဓါတ်ခွဲခန်းထဲမှာ စာရေးကိရိယာကျန်ခဲ့လို့ပါ" လင်းရှီ သည် ဓာတ်ခွဲခန်းအပြင်ဘက်ရှိ အစောင့်ကို ပြောလိုက်သည်။

ဆရာတစ်ဦးသည် ကျောင်းသားကောင်းတစ်ယောက်၏စကားကို ဘယ်တော့မှ မေးခွန်းမထုတ်တက်တာကြောင့် ချက်ချင်း ဝင်ခွင့်ပြုခဲ့သည်။

လင်းရှီ သည် သူမ၏စမ်းသပ်ခန်းဆီလျှောက်လာ၍ အံဆွဲကိုဖွင့်လိုက်သည်။အမှန်ပင် သူမတွင် အရန်အဖြစ် ထားထားတဲ့ဖောင်တိန်အနည်းငယ်ရှိနေသည်။ကျောပိုးအိတ်ထဲ အမြန်ထည့်လိုက်၍ တစ်ချိန်တည်းမှာပဲစမ်းသပ်ခန်းသုံးအီလက်ထရွန်းနစ် ပစ္စည်းများနှင့်ဝါယာကြိုးများကို အံဆွဲထဲမှ ထုတ်ယူလိုက်တယ်။

အံဆွဲတိုင်းလိုလို၌ထိုကဲ့သို့အသုံးပြုနိုင်တဲ့ပစ္စည်းများ ရှိပေမဲ့အများကြီးမရှိတက်ပါ။

ထို့နောက်ဆရာများ နားနေသည့်အခန်းကို သွားလည်ခဲ့သည်။

စုန့်ကဲရှင်း က လင်းရှီ အတွက်ပြောထားဆိုထားပြီးဖြစ်သည်။

ဒါ့ကြောင့် ကျောင်းမှ စောစောထွက်မလာခင်လင်းရှီသည် သူတို့နှင့်အလျင်အမြန် စကားပြောခဲ့သည်။

ဆိုင်တစ်ဆိုင် ဖြတ်မောင်းလာချိန်ကားမောင်းသူကို ရပ်ခိုင်းခဲ့သည်။

"ဘာကိစ္စရှိလို့လဲ သခင်မလေး"

"ငါနဲ့အတူ ယူလာရမယ့် ပစ္စည်းတွေ သွားဝယ်ရမယ်။"

ကားမောင်းသမားသည် အနည်းငယ်စဉ်းစား၍ ကားရပ်ပေးသည်။ဆိုင်ထဲဝင်လာပြီး လိုအပ်သော အရာများ ကောက်ယူကာ ကားပေါ် ပြန်မတက်ခင် ထိုအရာများ ကို ရောနှောထားဖို့အဆာပြေမုန့်များကိုပါဝယ်လာခဲ့သည်။

သူတို့အိမ်ပြန်ရောက်တာနဲ့စုန့်ကဲရှင်းသက်တော်စောင့်တစ်ယောက်ကို ခေါ်၍သီးသန့်စကားပြောကြတယ်။

"ငါတို့ဖုန်းဆက်တာကြာပြီ အိမ်ပြန်လာတာ ဘာလို့ ဒီလောက်ကြာတာလဲ?"

စုန့်ကဲရှင်းမှာ လင်းရှီက တစ်ခုခု သတိထားမိသွားမှာစိုးတာကြောင့် မသွားဖို့ မပြောနိုင်ခဲ့ပေ။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Dove le storie prendono vita. Scoprilo ora