Ch-7 : အဝေးပို့ဖို့ ပြင်ဆင်ခြင်း-2

Začať od začiatku
                                    

"OMG! ဒါကြောင့် ဝမ်ယုခိုင် က လင်းအန်ရှင်း ကိုလိုက်နေတယ်လို့ထင်မြင်နေချိန် လင်းအန်ရှင်းရဲ့အချစ်ဆုံးသူငယ်ချင်း ကို လိုက်နေခဲ့တာပေါ့။OMG......! သူမ ဘာအတွက်လုပ်တာလဲ?။ငါ အခုခေတ် ကစားသမားတွေရဲ့ပုံစံ ကိုမသိခဲ့ဘူး"

"မပြီးသေးဘူး။လင်းအန်ရှင်း က ဝမ်ယုခိုင် ဆီက လက်ဆောင်ရတိုင်း သူ့အချစ်ဆုံးသူငယ်ချင်းကို ပေးပီး သူက ဝမ်ယုခိုင်ရဲ့ကြားလူလို့ ပြောခဲ့တာ။နောက်ပိုင်းဘာ ဆက်ဖြစ်လဲမှန်းကြည့်၊ရန်ရွဲချီက ဒီဟာတစ်ခုလုံးကို သက်သေပြခဲ့တယ်။"

"ဘယ်လို ဖရဲသီးလဲ?။ရန်ရွဲချီ ပါဝင်လာတာ မအံ့သြ‌တော့ဘူး။ဒါပေမဲ့နင်ဘယ်လိုသိလဲ?။"

"ဖိုရမ်ကို မဖတ်ဘူးလား?။ရန်ရွဲချီ ဖိုရမ်မှာ တင်ထားတယ်။"

"အိုး...တကယ်ပဲလား?ငါတချက်ကြည့်ဦးမယ်"

ကောင်မလေး သူ့လက်ကိုင်ဖုန်း ဆွဲထုတ်၍ ဖိုရမ်ကို အမြန်ရွှေ့လိုက်သည်။

"နေဦး ဒီမှာ ရှိသေးတယ်"

"တကယ်လား?"

"ကိုယ့်ဘာသာကြည့် လင်းအန်ရှင်းရဲ့သူငယ်ချင်း တင်တာ။လင်းအန်ရှင်းနှင့်စကားပြောခဲ့ပြီးအံ့သြသွားတယ်တဲ့။ဝမ်ယုခိုင်က သူ့သူငယ်ချင်းနဲ့လင်းအန်ရှင်းကြားထဲ ဝင်လာတဲ့ကြားလူတဲ့"

"မဖြစ်နိုင်တာဒါက အတုအယောင်ပဲ။ဒါကို ဘယ်သူဝယ်မှာလဲ?"

"အင်း အများကြီးပဲကြည့်လိုက်။အများစုက လင်းအန်ရှင်း ကို ထောက်ခံကြတယ်။ဒီမှာကြည့် တစ်ချို့က ချစ်စရာ ကောင်းတယ်လို့တောင် ပြောကြတယ်"

ဒါဆို ဒါပဲပေါ့။

သူတို့စကားပြောသံကိုနားထောင်ရင်း လင်းရှီ၏နှုတ်ခမ်းထောင့်များတွန့်သွားသည်။သူမသည် လွန်ခဲ့သည့် နှစ်ရက်က ကိစ္စကို ရှာတွေ့ခဲ့သည်။လင်းအန်ရှင်း၏လုပ်ရပ်ကြောင့် အံ့အားသင့်သွားရပြီးစကားမပြောနိုင်လောက်အောင် ဖြစ်သွားရ၏။

အတင်းအဖျင်းပြောသံများ ကျောင်းထဲပျံသွားခဲ့သည်။ရူကျောင့်ဖန်နှင့်အခြားသူများကျောင်းကိုရောက်လာခဲ့ပြီးလင်းရှီနဲ့ဘာမှမဆိုင်တာ သိသွားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ လင်းအန်ရှင်း၏လိမ်ညာမှုများကို နားထောင်ဖို့ရွေးချယ်ခဲ့ကြသည်။ဘာပဲဖြစ်ဖြစ် လင်းအန်ရှင်းနဲ့လက်တွဲဖို့ ရွေးချယ်မှာပင်။

မိန်းကလေးများကထိုအကြောင်းကို ဆဲဆိုနေကြပြီး မိန်းကလေးများထဲမ တစ်ဦး က လင်းရှီကို သတိထားမိသွားသည်။သူမနှုတ်ခမ်းဖြင့် အချက်ပြကာ အခြားမိန်းကလေးအား စကားဆက်မပြောရန် တားမြစ်သည်။

"တခြားတစ်နေရာ သွားပြောရအောင်။"သူမက အခြားသူများကို ညွှန်ပြရင်း အသံတိုးတိုးဖြင့် ပြောသည်။

"သွားကြရအောင် သွားကြရအောင် ဟိုမှာ အဲဒီအကြောင်းပြောမယ်။"

သူတို့သည် လင်းရှီကိုကူးစက်တတ်သော ရောဂါတစ်မျိုးကဲ့သို့လျင်မြန်စွာ ရှောင်ထွက်သွားကြသည်။

လင်းရှီ သည် ဤကဲ့သို့သော အခြေအနေများကြောင့် ထုံကျဥ်နေပြီဖြစ်သည်။

ကျောင်းစတက်ချိန် လူတိုင်းနှင့်အဆင်ပြေပြေရှိပြီး ရင်းနှီးသောသူငယ်ချင်းအချို့ရှိခဲ့သည်။သို့သော် ပြီးခဲ့သည့် စာသင်နှစ်မှ စတင်လို့လင်းရှီနှင့်ပတ်သက်သည့် ဆိုးရွားသော ကောလာဟလများစွာ ကျောင်းဖိုရမ်မှစတင်ထွက်ပေါ်လာခဲ့သည်။- အချို့က လင်းရှီက သူ့မိသားစုမဟုတ်တဲ့ မိသားစုမှာ နေတယ်လို့ အချို့ကဆိုသည်။အချို့က သူမသည် လူသတ်မှုသမားရဲ့ကလေးဖြစ်တယ် လို့ ဆိုကြသည်။အခြားသူများက သူမသည် r*pist(မုဒိန်းကောင်)၏ကလေးဖြစ်ပြီး စာမေးပွဲအားလုံးကိုကူးယူးဖြေဆိုခဲ့သည် လို့ဆိုသည်။အချို့သော ပိုရယ်စရာကောင်းသောသူများသည် ကျောင်းက ပုံနှိပ်ဆိုင်ရှိ အသက် 50-60 အရွယ် အဘိုးအိုနှင့်မလျော်ကန်သော ဆက်ဆံရေးရှိခြင်းကြောင့် စာမေးပွဲများ မတိုင်မီ မေးခွန်းများရ‌ကြောင်း ပြောဆိုကြသည်။

ဒါတွေအားလုံး ရယ်စရာကောင်းပေမယ့် တချို့ က ယုံကြည်ကြသည်။

သူမရဲ့သူငယ်ချင်းတွေ သူမနဲ့ခပ်ဝေးဝေးမှာနေပြီး တခြားသူတွေက သူမကို ရှောင်လာကြသည်။နောက်ဆုံး ကျောင်းက ကောလာဟလများက မမှန်ကြောင်းမတ်တပ်ထရပ်ခဲ့သည်။

အဆိုးမြင်သော ကောလာဟလများကို ဖယ်ရှားရှင်းလင်းခဲ့တယ်။မည်သို့ပင်ဆိုစေကာမူ ကောလဟာလများမှ အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိလာခဲ့ပြီဖြစ်သည်။ပိုလို့တောင် ရယ်စရာကောင်းတာက ကျောင်းက ဒီကောလာဟလတွေရဲ့နောက်ကွယ်ကလူကို ရှာ၍ ပြင်းပြင်းထန်ထန် ကိုင်တွယ်မယ်လို့ ကြေငြာထားပေမယ့် နောက်နေ့မှာတော့ အရာအားလုံးကို မေ့သွားသလိုပင်၊ဘယ်တော့မှ ထပ်မပြောတော့

လင်းရှီသည် သက်ပြင်းတစ်ချက်ချ၍သူမ၏ကျောပိုးအိတ်ထဲ စာသင်စာအုပ်များကို တွန်းထည့်ကာ အမြန်ထလိုက်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now