အဖြူရောင်ဆေးသုတ်ထားတဲ့ တစ်ထပ်အိမ်ပုလေးထဲရောက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ ယန်းဂျောင်ဝန်း အဲကောင်လေး ဒီနောက်ပိုင်း ပိုပိုပြီး ကြောက်ဖို့ကောင်းလာလိုက်တာ။ စတွေ့တုန်းကနဲ့ တခြားစီ။

ဟိုကလေးမလေးကိုတောင် "ဒါ ကျွန်တော့်သူငယ်ချင်းရဲ့ အမျိုးသား"လို့ မိတ်ဆက်မပေးလိုက်ရဘူး။ တော်ကြာ တလွဲတွေထင်ကျန်ခဲ့ရင် ဒုက္ခ။

တကယ်တော့ ဂျောင်ဝန်းက ခုမှစွာတာမဟုတ်။ လွန်ခဲ့တဲ့အနှစ်၂၀လောက်ထဲက စကားတွေတလုံးတခဲကြီးပြောပြီး ရင်ဘတ်တည့်တည့်ပစ်ပစ်ပေါက်ခဲ့တာ။

အဲတုန်းက ဆောင်းဟွန်းတက္ကသိုလ်ဒုတိယနှစ်။ ဂျယ်ယွန်း Aussieကိုပြန်တော့မယ်လို့ သူ့ကို အသိပေးလာတဲ့နှစ်ပေါ့။

ဂျယ်ယွန်းနဲ့ စီနီယာဟီဆွန်းကို တောက်လျှောက်အဆင်ပြေနေတယ်ပဲ ထင်ခဲ့တာ။ ဆောင်းဟွန်းက သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ မတွေ့ရအောင်တောင် တမင်ရှောင်ပေးခဲ့တဲ့အထိ။

စိတ်ထဲမှာခံစားနေရတာတော့ ကမ္ဘာပျက်နေတဲ့အတိုင်း။ တကယ့်ငရဲပြည်ကတောင် ဒီလောက်ငရဲဆန်နိုင်ပါဦးမလားလို့ တွေးမိခဲ့သေးတာ။

ရှောင်နေတာကလဲသူ၊ မတွေ့ရမနေနိုင်တာကလဲသူ၊ တိတ်တိတ်လေးသွားခိုးကြည့်တာကလဲသူ၊ ဂျယ်ယွန်းကို စီနီယာဟီဆွန်းနဲ့ တွေ့လို့ဆိုပြီး အသည်းတွေကွဲပြီး အရက်ဆိုင်ရောက်သွားတာကလဲသူ။

အရက်ဆိုင်နဲ့တင်ဘယ်ကမလဲ၊ မူးရူးပြီး တက်တူးဆိုင်ဝင်လို့ တက်တူးစက်လေးတစ်လုံး ဝယ်လိုက်သေးတာ။ အဲညက ညလုံးပေါက် ရေချိုးခန်းထဲအချိန်ကုန်ခဲ့တာလေ။ နံရံမှာကပ်ထားတဲ့မှန်ကိုကြည့်ရင်း ဘယ်ဘက်ရင်အုံပေါ် Yun ဆိုတဲ့ စာလုံးလေး တက်တူးထိုးပြီး...

နောက်နှစ်ရက်အကြာမှာ ဂျယ်ယွန်းက ဩစတျေးလျကို ပြန်သွားခဲ့တယ်။ သူကတော့ အသိမရှိတော့တဲ့လူသေကောင်လို ကျန်နေခဲ့တာ။

Aussieရောက်နေတဲ့ ဂျယ်ယွန်းဘက်က စဆက်သွယ်လာတော့လဲ အပျော်ကြီးပျော်ရတာပဲ။ သတ္တိမွေးပြီး စကားအစ်တဲ့အနေနဲ့ "မင်းရည်းစားနဲ့ကဘယ်လိုတွေဖြစ်သွားတာလဲ" မေးကြည့်လိုက်တယ်။ ဂျယ်ယွန်းကလဲ video callကနေတဆင့် ပြူးပြူးကြောင်ကြောင်လေးကြည့်ပြီး "ဘယ်ကရည်းစားလဲ"တဲ့။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now