20

453 51 11
                                    

ဆေးရုံတစ်ခုရဲ့ VIP အခန်းထဲက မွေ့ယာထက်မှာ မေ့မြောနေဆဲ ဖြစ်တဲ့ မြေးဖြစ်သူကို အပူကြီးစွာ စောင့်ကြည့်နေမိတဲ့ သူဌေးကြီး Jung ။

Hoseok ရဲ့ မိခင်ဖြစ်သူဟာလည်း သားဖြစ်သူရဲ့လက်ကို ဆုပ်ကိုင်ကာ ငိုနေသည်။ Hoseok ရဲ့ အဖေကလည်း သားဖြစ်သူကို ပူပန်တလှည့် ၊ မိန်းမဖြစ်သူကို နှစ်သိမ့်တလှည့် ...။

ကုတင်ပေါ်မှာတော့ မေ့မြောနေတဲ့ Hoseok။ ဒီကလေးက သိပ်ကို တာဝန်ကျေလွန်းတယ်။

ပေါက်ပြဲနေတဲ့ ခြေထောက်တွေ၊ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ခန္ဓာကိုယ်နဲ့ နာကျင်မှုကို ကြိတ်မှိတ်ခံရင်း ကလေးလေးတစ်ယောက်ကို ပွေ့ချီကာ သူတို့ဆီရောက်လာခဲ့သည်။

အိမ်ရဲ့ ခြံထဲမှာ တုတ်ကောက်တစ်ချောင်းနဲ့ အဖိုးဖြစ်သူကို တွေ့တော့ အဖိုးရဲ့လက်ထဲ သူ့ညီလေးကို ထည့်ပေးပြီးမှ စိတ်ဒုန်းဒုန်းချကာ မေ့လဲ ကျသွားသည်။

" အူဝဲ ~ ~ ~"

အိမ်တော်ထိန်းရဲ့ လက်ထဲမှ ကလေးလေးရဲ့ ငိုသံကြောင့် သူဌေးကြီး Jung ထိုကလေးလေးအနား သွားကြည့်မိသည်။

အလောတကြီးနဲ့ ပြေးဝင်လာတဲ့ သူ့ရဲ့မန်နေဂျာက

"သခင်လေးMin Jae တို့ ဒီကိုလာတဲ့ လမ်းမှာ ကားအက်ဆီးဒင့် ဖြစ်သွားခဲ့ပါတယ်။ သခင်လေး Hoseok က ဒီကလေးလေးကို ပွေ့ပြီး အိမ်တော်ကို အရောက်လာခဲ့ပုံရပါတယ် ဥက္ကဌကြီး"

သူဌေးကြီး Jung လက်ကာ ပြလိုက်တော့မှ ကိုယ်ကို တစ်ချက်ညွှန့်ပြီး အရိုအသေပေးကာ အပြင်ထွက်သွားတဲ့ မန်နေဂျာ။

အိမ်ထိန်းရဲ့လက်ထဲကနေ ထိုကလေးလေးကို သူဌေးကြီး Jung ပွေ့ယူလိုက်သည်။ သူ့လက်ပေါ်ရောက်လာတဲ့ ကလေးလေးက အငိုခဏရပ်သွားသည်။

Hoseok ရဲ့အဖေက သူတို့နားရောက်လာပြီး မျက်မှန်ကြားက မျက်ရည်တွေကျလာကာ

"ညီလေးရဲ့ သားက ညီလေးနဲ့အတော်တူတာပဲ"

ကလေးလေးကို ကြည့်၍ မျက်ရည်တွေသုတ်ရင်း ဆိုသည်။

သူဌေးကြီး Jung က ကလေးလေးကို ပြုံးရင်း ကြည့်ကာ ခေါင်းခါပြီး

"ငါ့မြေးအငယ်လေးက မြေးအကြီးရဲ့ကောင်လေးနဲ့ ပိုတူတာ"

ဟုပြောရင်း ကုတင်ထက် က Hoseok ကိုလှမ်းကြည့်နေတဲ့ သူဌေးကြီး Jung ။

Heartbeat Of Kiss (Completed)Where stories live. Discover now