06

653 78 14
                                    

"Yoongi... ကျွန်တော်မေးစရာရှိတယ်"

စုပ်လုံးစုပ်နေရင်းမှ မေးလေ ဟူသောပုံစံဖြင့်မျက်လုံးလေးလှန်ကြည့်လာသည်။

"ခင်ဗျား ကျွန်တော့်အနားရောက်နေရတဲ့အကြောင်းအရင်းက ဘာလဲ"

" ........... "

"မေးခွန်းပြောင်းမယ် ။ ခင်ဗျား Lee Yoonjoon ကိုသိလား"

"အင်း .."

"ဘယ်လိုသိတာလဲ"

"သူ ငါ့ကိုအလုပ်တစ်ခု လာအပ်ထားတာ"

"ကျွန်တော်နဲ့ပတ်သက်နေလား"

မြစ်ရေပြင်ဘက်ကိုပဲ မျက်နှာမူထားတဲ့ လူကြီးက ခေါင်းငြိမ့်ပြပါသည်။

"Yoongi .......
ကျွန်တော်တို့က ချစ်သူတွေဖြစ်နေပြီပဲ။ ကျွန်တော့်အပေါ်ရိုးသားပေးနိုင်မလား။ အကယ်၍ လိမ်ပြောခဲ့ရင်တောင် ခင်ဗျားနှုတ်ကထွက်လာသမျှ စကားလုံးတွေကို ကျွန်တော်ယုံကြည်ပေးဖို့အသင့်ပါပဲ ...  "

တည်ကြည်လေးနက်တဲ့မျက်နှာထားနဲ့ ကောင်လေးကို Yoongi ခဏတာစိုက်ကြည့်နေမိသည်။

ပြီးမှ လေပူတချက်မှုတ်ထုတ်ကာ

"အကြောင်းစုံ သိပြီးသွားရင် မင်းငါ့ကိုစိတ်ပျက်မသွားဖို့မျှော်လင့်ပါတယ် "
"အင်း .. ငါမင်းနားကိုရောက်နေတာက အ​ရင်ကရည်ရွယ်ချက်တစ်ခုကြောင့်ပဲ။ နောက်လာမယ့်စာမေးပွဲမှာ မင်းသွားမဖြေနိုင်အောင် ငါလုပ်ပေးရမှာ"

Yoongi ပြောရင်း ကောင်လေးကိုကြည့်မိတော့ ခန့်မှန်းရခက်တဲ့မျက်နှာထားမျိူးနဲ့ ကန်ရေပြင်ထက်ကို ကြည့်နေသည်။

"ဒါဆို ကျွန်တော်သစ္စာဖောက်ခံရတာလား ... Yoongi "

ကောင်လေးရဲ့ပခုံးကို Yoongi လှမ်းဆွဲလိုက်ပြီး သူ့ဘက်မျက်မှာမူစေကာ

"ငါ့မျက်လုံးကိုကြည့် ... မြင်လား"

"ဘာကိုလဲ? "

"မင်းအပေါ်ထားတဲ့ စစ်မှန်တဲ့ချစ်ခြင်းတွေကို"

"........... "

"မှန်တယ် ... အစကတော့ ငါ့အလုပ်ကိစ္စအတွက် မင်းကိုချဥ်းကပ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူက သိမှာလဲ အမြဲတမ်းအေးစက်တဲ့အမှောင်ထုနဲ့အထီးကျန်မှုတွေကို အသားကျနေတဲ့ငါက နေရောင်ခြည်လိုနွေးထွေးတဲ့မင်းအပြုံးတွေမှာ ကျရှုံးသွားလိမ့်မယ်ဆိုတာကို .... "
"လောကမှာ ဂရုစိုက်စရာဘာမှ မရှိတော့ဘူးလို့ သတ်မှတ်ထားတဲ့ငါက မင်းတစ်ယောက်ကိုတော့ ဘာထိခိုက်နာကျင်မှုမှ မရှိအောင်ကာကွယ်ပေးချင်လာတယ် ဆိုတာကို"
"ဘဝရဲ့ရှင်သန်ရာက ဘာလဲဆိုတာမသိခဲ့တဲ့ ငါ့အတွက် ... အခုတော့ ငါ့ရဲ့ရှင်သန်ရာက မင်းဖြစ်လို့နေခဲ့တာ "

Heartbeat Of Kiss (Completed)Where stories live. Discover now