11

559 85 22
                                    

တနင်္ဂနွေ အလုပ်နားရက်ဆိုတော့ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူရင်း သတင်းစာ ထိုင်ဖတ်နေတဲ့  Hoseokရဲ့ ဦးလေး ဖြစ်သူ Jung Min Jae။

တီရှပ်အပြာရောင် နဲ့ ဒူးလောက် ဘောင်းဘီတိုကို ဝတ်ထားပြီး အိမ်အပေါ်ထပ်ကနေ လေ လေးတချွန်ချွန်နဲ့ ဆင်းလာတဲ့ တူဖြစ်သူကို သူလှမ်းကြည့်မိသည်။

သူရဲ့ မိန်းမကလည်း သူ့အတွက် ကော်ဖီတစ်ခွက်လာချပေးရင်း

"Hoseok တစ်ယောက် ဒီနေ့အိမ်ကပ်လှချည်လား"

သူ့အနားဝင်ထိုင်ရင်း အိမ်ရှေ့ထွက်သွားတဲ့ တူဖြစ်သူ ကို ကြည့်ကာ ပြောလာတဲ့ သူ့မိန်းမကို သတင်းစာဖတ်နေရင်းပင်

"ဒီကောင် ဒီနေ့ ဘာစိတ်ကူးပေါက်နေလဲမှ မသိတာ။ ဟိုကောင်လေးနဲ့ ခင်ပြီးကတည်းက အိမ်ကပ်တာမဟုတ်ဘူး"

"ရှင်ပြောတဲ့ Min Yoongi ဆိုတဲ့ ကောင်လေးမလား။"

"အင်း ။ အဲ့ကောင်လေးက အရည်အချင်းတော့ ရှိတယ်ကွ။ အသားဖြူဖြူ လေးနဲ့ ချောချောလေး"

"ကျွန်မတောင် Hoseok ရဲ့သူငယ်ချင်းကို မြင်ချင်လှပြီရှင်။ ရှင့်ဆီမှာ အလုပ်လုပ်နေတာဆို ...။ နောက်နေ့ကျ အိမ်ခေါ်ခဲ့ပါဦး။ ထမင်းလေးဘာလေး ကျွေးရအောင်"

"အေး။ ကိုယ်လည်း သူ့ကို သဘောကျတယ်။ Hoseok သူငယ်ချင်းဆိုပေမယ့် Hoseok ထက်အသက်ကြီးတယ်။ ကိုယ်နောက်နေ့ကျ အိမ်ခေါ်လာခဲ့ပါ့မယ်"

"ဖြေးဖြေးသယ် ... ဖြေးဖြေး။ "
"အပေါ်ထပ်မှာ ချမှာ။ အပေါ်ထပ်"

စက္ကူတွေနဲ့ ပတ်ထားတဲ့ ဘာပစ္စည်းကြီးလည်း မသိတဲ့အရာကြီးကို သယ်ကာဝင်လာတဲ့ လူနှစ်ယောက် အနောက်ကနေ အိမ်အပေါ်ထပ်ကို ညွှန်ပြနေတဲ့ Hoseok အား သူတို့ လင်မယား နှစ်ယောက် ကြည့်နေမိသည်။

Hoseokရဲ့ ဦးလေးဖြစ်သူကပင် လက်ထဲက သတင်းစာကိုချကာ

"Hoseok ... အဲ့တာ ဘာတွေလဲ"

"ခဏလေး ဦးလေး။ အဲ့တာလေးကို နေရာသွားချပေးပြီးရင် ကျွန်တော် ပြောပြမယ်"

လှေကားရင်းကနေ သူ့ကို လှမ်းဖြေကာ ပစ္စည်းသယ်တဲ့သူတွေနောက် ပြေးတက်သွားတဲ့ Hoseok။

Heartbeat Of Kiss (Completed)Where stories live. Discover now