"ပတ်ဆောင်းဟွန်းရယ် ဘာတွေဖြစ်ရပြန်တာလဲ။ ငူငူငေါင်ငေါင်နဲ့"

ဂျယ်ယွန်းက သူ့ဘောင်းဘီမှာကပ်နေတဲ့ မြက်ခြောက်တွေကို ခါပေးပြီး စကားတွေ ဆက်တိုက်ပြောနေတယ်။ သူကတော့ ဘာမှမပြောနိုင်။ မျက်စိရှေ့က ပုံရိပ်လေးကိုကြည့်ပြီး ရင်ထဲ လှိုက်ခနဲ ဝမ်းနည်းလာတာပဲသိတယ်။ နှစ်ရက်လောက်လေးမတွေ့ရတာတောင် ဒီလောက် ကမ္ဘာတွေပျက်နေရတာ၊ ဝေးများဝေးသွားခဲ့ရင်.. အာ ဖွဖွ အဲလိုတွေမတွေးရပါဘူးဆို။ မဟုတ်တာတွေ။

ဂျယ်ယွန်းနဲ့ပတ်သက်ပြီး negative thoughtသေးသေးလေးတောင် အဝင်မခံနိုင်တာ သူ့အတ္တပဲ။ အခုလဲ စိတ်ထဲက အသံသေးသေးလေးကို ကြိတ်ပြီးမာန်မဲလိုက်ရတယ်။ ပေါက်ကရတွေ မပြောစမ်းနဲ့ဆိုပြီး။

"ဘာလာလုပ်တာလဲ။ အတန်းမရှိဘူးလား"

"လွမ်းလို့လေ။ မတွေ့ရတာကြာနေပြီ"

"ကြက်သီးထလိုက်တာ ဘယ်လိုတွေပြောနေတာလဲ"

"တကယ်လွမ်းလို့ပါဆို"

ဆောင်းဟွန်းအသံက သူ့ကိုမယုံလို့ စိတ်ကောက်တဲ့ပုံပေါက်သွားမယ်ထင်တယ်။ မျက်မှောင်သေးသေးလေးကြုံ့၊ နှုတ်ခမ်းလေးနည်းနည်းဆူပြီးများ ပြောလိုက်မိသလားမသိ။

"ရှင်းဂျိတ်ခ် နည်းပြကပြောခိုင်းလိုက်လို့။ အပြင်မှာရပ်မနေကြနဲ့။ စကားပြောချင် ကွင်းထဲဝင်ပြောကြတဲ့"
ဘောလုံးအသင်းဝင်ကျောင်းသားလေးတစ်ယောက်က သူတို့နှစ်ယောက်ရပ်နေတဲ့ဆီ လာပြောတယ်။ အဲကျောင်းသားလေးကြည့်ရတာ ကွင်းလယ်ခေါင်မှာဘောလုံးကန်နေရာကနေ ကွင်းပြင်ထိပြေးလာရလို့ အတော်မောနေပုံပဲ။

ဆောင်းဟွန်းစိတ်ထဲမှာတော့ လာပြန်ပြီ ဒီနည်းပြ။ ဘယ်မှာပြောပြော သူနဲ့ဘာဆိုင်လို့လဲ၊ ငါ့ဂျယ်ယွန်းကိုလဲ နားချိန်မပေးဘဲ အသေခိုင်းစားပြီး..ဆိုပြီး စိတ်တိုတိုနဲ့ တွေးနေမိတယ်။

သူတို့တွေ အမိုးမိုးထားတဲ့ ပရိတ်သတ်စင်တန်းဘက်မှာ ထိုင်ဖြစ်ကြတယ်။ ဆောင်းဟွန်းက ဂျယ်ယွန်းမျက်နှာကို တမေ့တမောငေးနေတာ။ ဂျယ်ယွန်းမျက်နှာလေးချောင်ကျသွားသလိုပဲ၊ အစားရောကောင်းကောင်းစားရဲ့လားမသိဘူးဆိုပြီး စိတ်တွေပူနေမိတော့တာပဲ။

Time Spent Walking Through Memories [PSH x SJY]Onde as histórias ganham vida. Descobre agora