အပိုင်း (၂၇)

118K 7.2K 500
                                    

      " ပါဆယ်ရောက်ပါပြီ "

မှန်အထူသားဖြင့်လုပ်ထားသောဆိုင်လေး၏တံခါးအားတွန်းဖွင့်လိုဝင်လာသောလူမှာပိန်ပါးကာဖြူဖွေးသောအသားရည်နှင့်သူ၏အပြုံးလေးမှာလည်းဖော်ရွေဟန်။

   " ကျသင့်ငွေပါ ။ ကျေးဇူးတင်ပါတယ်"

ဆိုင်ထဲပြန်ဝင်လာတဲ့အခါမိန်းကလေးတချို့၏အကြည့်တွေမှာလူငယ်နောက်ကပ်လျက်ပါလာကာမြင်ကွင်းမှပျောက်ကွယ်သွားတဲ့အခါ တီးတိုးစကားသံတွေနှင့်သူတို့မျက်နှာထက်တွင်လည်းပြီတီတီအပြုံးတွေနှင့်ပင် ။

' FoR YoU Cafe Shop' မှာလွန်ခဲ့သောနှစ်ဝက်ခန့်ကဆောက်လုပ်ရေးစတင်ခဲ့ပြီးယခုနှစ်စပိုင်းတွင်စတင်ဖွင်လှစ်သော်လည်းအရောင်းအားကတော့အင်မတန်ကောင်းသည်။

Sunday တစ်ရက်ဆိုဆိုင်ရှင်ချောချောလေးမှကိုယ်တိုင်ဂစ်တာတီးဆိုဖျော်ဖြေတာကြောင့်ထိုရက်များဆိုဆိုင်ပြင်အထိခုံတွေချမလောက်ပါချေ။

ဆိုင်၏အဓိကရောင်းကုန်မှာပေါင်မုန့်နှင့်ကိတ်မုန့်ဖြစ်ကာ၊ဆိုင်အပြင်ဆင်မှာနိုင်ငံခြားအငွေ့အသက်တွေအပြည့်ဖြစ်ကာ၊တစ်စုံတစ်ယောက်ကိုစောင့်မျှောနေကြောင်း၊လွမ်းဆွတ်နေကြောင်းသီဆိုထားသော ပြင်သစ်ဘာသာသီချင်းသံအားအမြဲတမ်းဖွင့်ထားတက်သည်။

ဆိုင်မှာမှန်လုံဖြစ်တာကြောင့်အပြင်မှအသံတွေအားရေရာစွာကြားရခြင်းမရှိပဲ၊ စားပွဲတွေအားပွတ်တိုက်သံ၊ကော်ဖီ​ဖျော်စက်မှထွက်သည့်အသံပြီးနောက်မုဒ်ကောင်းကောင်းဖြင့်သီဆိုနေသောပြင်သစ်အဆိုတော်၏လွမ်းဆွေးဖွယ်သီချင်းသံတို့ဖြင့်ကော်ဖီခါးခါးတစ်ခွက်အားကိုင်ထားရင်ပင် တစ်စုံတစ်ယောက်အားသတိရတမ်းတစေ၏။

' နွေရာသီရောက်ခဲ့ပြီ ဒါလင်ရေ
    
     ဆောင်းဦးရာသီမှာ မင်းထွက်သွားတည်းက

ပူလောင်ခြင်းနဲ့ငါအသားကျပြီးသားပါ'

     " မှန်ပြတင်းပေါက်နားကကောင််မလေးငိုနေပြီ မဒမ် "

ဟာမတ်၏စကားကြောင့်ဖုတ်ထားပြီးသားပေါင်မုန့်ပူပူတွေအားပန်းကန်ပေါ်တင်နေရင်းတချက်ကြည့်လိုက်တော့မှန်အားခေါင်းမှီရင်းမိန်းကလေးတစ်၏မျက်ဝန်းတွေမှာနီရဲနေလေသည်။

My Creditor Where stories live. Discover now