အပိုင်း ( ၃)

219K 13.3K 3.6K
                                    


အချိန်တော်ကြာအထိအိပ်ပျော်ပြီးနောက်နိုးထလာတဲ့အခါ ကိုက်ခဲနာကျင်ခြင်းဝေဒ နာကြောင့်အသက်ရူပင်အောင့်လိုက်မိသည်။

နာကျင်ခြင်းအကျွင်းအကျန်တွေရှိနေသေးသော်လည်း သူ၏ခန္ဓာကိုယ်မှာတော့စေးကပ်ညစ်ပေခြင်းမရှိပဲ သန့်ရှင်းနေတာကြောင့် မိုးထက်ဝဠာအနည်းငယ်ပင်ဇဝေဇဝါဖြစ်သွား၏။

'' နိုးပြီလား ''

ရေချိုးခန်းတံခါးမှာပွင့်လာလို့ ခပ်ရှရှအသံနှင့်အတူထွက်လာသောလူမှာ ဥက္ကာခွန်းမောင်ပင်။

ခွန်းမောင်၏အသက်မှာ နှစ်ဆယ့်ငါးဖြစ်ကာအလုပ်အကိုင်ကတော့ အများအမြင်မှာ ငွေတိုးချေးခြင်းဖြင့်ကာရံထားသော တံတိုးနောက်ကွယ်တွင်တော့သူပိုင်ဆိုင်​တဲ့ လောင်းကစားရုံတွေမှာမနည်းမနောပင်ဖြစ်သည်။

ကြွက်သားထင်းထင်းတွေနှင့်အရပ်မြင့်မြင့်မှာ နိုင်ငံခြားသားဖြစ်သောအဖေလူပ်သူ၏အမွေသာဖြစ်လိမ့်မည်။

မျက်ခုံးထူထူနှင့် နှာတံဖြောင့်ဖြောင့် ထို့နောက်ဆံပင်ရှည်ရှည်တွေကတော့နောက်စေ့ထောက်လောက်ဖြစ်သည်။

နှုတ်ခမ်းအောက်နားတွင်မှဲ့ပါလျှင်အပြောချိုကာ စကားကြွယ်တယ်ဟူသောစကားတွေမှာ အနည်းငယ်တော့ရယ်ချင်စရာ။

'' ငါပြန်တော့မယ် ''

'' အံဆွဲထဲမှာ ပိုက်ဆံ ယူသွား ''

ကြမ်းပြင်ကိုခြေထောက်ချလိုက်သည်နှင့်ကြားလိုက်ရသောစကားကြောင့်လူကမူးခနဲ မိုက်ခနဲပင်။

မိုးထက်ဝဠာ အရိုးတွင်းထိစိမ့်ဝင်လာသောနာကျင်မှုတွေအားအံကြိတ်မြိုချရင်း ဥက္ကာခွန်းမောင်အားခပ်စူးစူးပင်စိုက်ကြည့်လိုက်ချေသည်။

''မင်းစိတ်ကြိုက် ချပြီး ပိုက်ဆံပေးရအောင် ငါက ဖာ မဟုတ်ဘူး ဥက္ကာခွန်းမောင်! ''

'' ကျုပ်ကလည်း ဘယ်ဖာမှခေါ်မချတက်ဘူး! ခင်ဗျားအဲ့လောက် ဆက်ဆက်ထိမခံဖြစ်နေရင်လည်း ကျုပ်နဲ့ လက်ထပ်လိုက်! ခင်ဗျားရဲ့ တရားဝင်လင်ဖြစ်သွားတော့ ဖင်ခေါင်းရင်ခေါင်းထိကျယ်အောင် လုပ်လည်းပြသနာမရှိဘူးမလား ''

My Creditor Where stories live. Discover now