"ငါလျှောက်သွားကြည့်တာ
အိမ်ခြံဝင်းနောက်ဘက်မှာတောအုပ်ကြီးတစ်ခုရှိတာတွေ့ခဲ့တယ်
အဲ့ကိုလျှောက်သွားကြည့်ရအောင်"

"စစ်သူကြီးအိမ်တော်ကမြို့ပြင်နားရောက်နေတာကို
မြို့ထဲသွားမယ်ဆိုမြင်းလှည်းနဲ့တကူးတကသွားရသေးတယ်
ဒါပေမယ့်သခင်လေးရာ အဲ့တော‌အုပ်မှာဘာရှိမှန်းမယ်မှန်းမသိဘူး
မသွားပါနဲ့ ကြောက်စရာကြီး"

"ငါလည်းအိမ်ထဲမှာဘဲနေရတာမွန်းကျပ်နေပြီချောင်ချန်း
မင်းမလိုက်ချင်ရင်နေခဲ့လို့ရတယ်"

"သခင်လေးသွားချင်လည်းမတားတော့ပါဘူး"

အဲ့လိုနဲ့နှစ်ယောက်သားအိမ်နောက်ဘက်တောအုပ်ရှိရာရောက်လာခဲ့ကြတယ်။ သူတို့တောအုပ်နားကိုရောက်တော့ကင်းလှည့်နေတဲ့အစောင့်နဲ့တွေ့သည်။

"သခင်လေးတောအုပ်နားကိုသွားလို့မရပါဘူး"

"ဘာလို့လဲ.."

"ပြောပြလို့မရပါဘူး ဒါပေမယ့်ဒါကစစ်သူကြီးအမိန့်ပါ"

"ငါ့ကိုတားရဲလား"

"ခွင့်လွှတ်ပါသခင်လေး ဒါပေမယ့်သွားခွင့်မပေးနိုင်ပါဘူး"

"သခင်လေး သွားလို့မရဘူးဆိုလည်းမသွားဘဲနေရအောင်နော်
တောအုပ်ထဲမှာတစ်ခုခုရှိလို့တားတာနေမှာပါ"

"ချောင်ချန်း မြင်းလှည်းထုတ်ပေး!
ငါတို့အပြင်သွားမယ်"

ရှောင်းကျန့်ကထိုရဲမက်ငယ်ကိုစိုက်ကြည့်ပြီးချာခနဲပြန်လှည့်ထွက်သည်။ ဒီလောက်တောင်ဟိုမသွားရဒီမသွားရချုပ်ချယ်နေတာ။ ဒီနေ့တစ်နေ့လုံးအပြင်ထွက်ပြမယ်။ အိမ်ကိုဝမ်ရိပေါ်ပြန်လာရင်တောင်သူပြန်မလာဘူး..။ ငါ့ကိုမင်းဆက်ပြီးလျစ်လျူရှုဦးမှာလားကြည့်ကြတာပေါ့..။

"သခင်လေး မကောင်းဘူးထင်တယ်
စစ်သူကြီးသေချာပေါက်ကြိုက်လောက်မှာမဟုတ်ဘူး"

"သူမကြိုက်တဲ့အရာတွေကိုဘဲရွေးလုပ်မှာ
သူလည်းသူနေချင်သလိုနေပစေ"

ရှောင်းကျန့်ကမြင်းလှည်းပေါ်တက်ရင်းတံခါးကိုဆောင့်ပိတ်ပစ်တယ်။ ချောင်ချန်းကတော့အပြင်မှာရင်တွေတုန်လို့။ အပြန်ကျရင်ရိပေါ်ကောဆီမှာလည်းအဆူခံရဦးမယ်..။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now