သူကတော့ သူ့ဘဝရဲ့ကောင်းချီးလေးဖြစ်တဲ့ ဂျယ်ယွန်းကိုပဲ ခပ်ဖွဖွပြုံးလို့ကြည့်နေခဲ့တယ်။

"ဆုမတောင်းဘူးလား"

"မတောင်းပါဘူး"
(ငါလိုချင်တဲ့ဆုကမင်းပဲလေ။ မင်းအခု ငါ့အနားမှာရှိနေတာ ဘာတွေထပ်တောင်းဆိုရဦးမှာလဲ)

"ဟိုကြယ်လေးက ငါနဲ့မတူဘူးလား။ မှိတ်တုပ်မှိတ်တုပ်နဲ့ ငါမင်းကို လာစနေသလိုပဲနော်"

"မတူပါဘူး။ ဂျယ်ယွန်းရဲ့"

"ပတ်ဆောင်းဟွန်း စကားကို အကောင်းပြောလို့ကိုမရဘူးပဲ"

ဂျယ်ယွန်းက သူပြောတဲ့အတိုင်းလိုက်မပြောပေးလို့ နည်းနည်းစိတ်ကောက်သွားတယ်။ ဆောင်းဟွန်းကတော့ အဲဒီအမူအရာလေးကို အသည်းတယားယားနဲ့ကြည့်ရင်း ဒီမှတ်ဉာဏ်တွေ နောက်ဘဝဘဝတွေထိ ယူဆောင်သွားလို့ရရင်ကောင်းမယ်လို့ တွေးနေမိတယ်။

မင်းကကြယ်တွေနဲ့မတူပါဘူး ဂျယ်ယွန်းရဲ့
ကြယ်ဆိုတာ ကြွေတတ်တယ်
တကယ်လို့ မင်းကကြယ်ဖြစ်မယ်ဆိုရင်တောင် ငါ့အတွက် ဘယ်တော့မှမကြွေမယ့်ဓူဝံကြယ်လေးဖြစ်နေမှာလေ...

🍂

နွေ မိုး ဆောင်း
ရာသီအလီလီပြောင်းလို့...

သူတို့တွေ နေ့ရက်တွေအများကြီး ရက်သတ္တပတ်တွေအများကြီးကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။

နွေရာသီမှာ နှစ်ယောက်သား သစ်ရွက်ကြွေတွေ အတူလိုက်ဖမ်းခဲ့ကြတယ်။ ဂျယ်ယွန်းက သစ်ရွက်ကြွေတစ်ခုဖမ်းမိတိုင်း အဲသစ်ရွက်လေးကို ဘာတွေပြောလို့ပြောမှန်းမသိ စကားတွေခပ်တိုးတိုးပြောပြီး လေနဲ့မှုတ်ပစ်တတ်တဲ့အကျင့်လေးကို သူမှတ်မိတယ်။

နွေရာသီတိုင်း သူတို့မြစ်ကမ်းနဘေးမှာထိုင်ပြီး ဖရဲသီးတွေ အတူတူစားကြတယ်။ သူကတော့ ဖရဲသီးစိတ်စားပြီး ဂျယ်ယွန်းအတွက် သူကိုယ်တိုင်အစေ့ထုတ်ထားတဲ့ တကိုက်စာဖရဲသီးစိတ်လေးတွေ ဘူးနဲ့ထည့်ထည့်လာလိုက်တယ်။

တခါတလေဆို ရေခဲချောင်း၊ တခါတလေဆို ကော်ဖီအေးတစ်ခွက်။ နှစ်ယောက်ပေါင်းမှတစ်ခွက်။ ဂျယ်ယွန်းက ကော်ဖီတွေအများကြီးသောက်လို့မဖြစ်ဘူးလေ။ အစာအိမ်ပြန်နာမှာ စ်ိုးရိမ်ရတာကိုး။ အဲလိုပဲ စပျစ်အရသာဆိုဒါလဲ နှစ်ယောက်ပေါင်းမှတစ်ဘူး။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now