ဆေးဝန်ထမ်းတွေပဲ သယ်လာကြတာမေမေ.''

အလောင်းလို့ပြောလို့ မေမေသက်မျက်နှာဖွေးဆုပ်နေသည်။

"ပျို လည်း ခြင်းလုံးဝမဖြစ်နိုင်ဘူးထင်လို့

ဒီနေ့ထိ မပြောခဲ့တာပါ..''

"အန်တီ ၊ပျို.. စိတ်အရမ်းမထိခိုက်ပါနဲ့.

ခြင်းကိုသာတစ်ယောက်ယောက်ကခေါ်သွား

မယ်ဆို ဒီနည်းကပိုလွယ်တယ်မို့လား..

ဖြစ်နိုင်ခြေရှိသမျှကို လိုက်ကြည့်ကြဖို့လိုတယ်မှတ်လား..''

နွဲ့ယိမ်းပြောသလိုများဖြစ်နေမလားရယ်လို့

မေမေသက်ကဖုန်းကောက်ကိုင်ကာဆေးရုံ

ကိုဖုန်းခေါ်လိုက်သည်။

အဲ့နေ့ကသေဆုံးလူနာရှိမရှိမေးမြန်းနေသည်။

ဖုန်းနားထောင်ပြီးနောက် အင်မတန်ထိတ်လန့်တဲ့ မျက်နှာနဲ့..

" သားပျောက်သွားတဲ့နေ့အပြင် အဲ့ရှေ့တစ်

ရက်နဲ့ နောက်တစ်ရက်မှာတောင် သေဆုံးလူ

နာမရှိဘူးတဲ့..''

အားလုံးမျက်နှာတွေမှာ..သွေးပျက်လျှက်..

ပုဂ္ဂလိက အထူးကုဆေးရုံကြီးမို့..နောက်ဆုံး

အခြေအနေလူနာကိုတော်ယုံလက်မခံပါဘူး..

ဒါကြောင့် နေ့တိုင်းလူသေတာမဟုတ်..

ဒါက ပြန်ပေးဆွဲမှုပဲ...

ပျိုတို့အားလုံးဆေးရုံကိုလိုက်လာကြသည်။

ဆေးဝန်ထမ်းအားလုံးကိုခေါ်လိုက်ကာ..

"ပျို..သမီးမြင်တယ်ဆို..ဒီထဲမှာအဲ့လူရှိလား..''

ပျို တစ်ယောက်ချင်းစီကိုလိုက်ကြည့်ကာ..

"ဟင့်အင်း မပါဘူးမေမေ..''

မေမေက ဆေးမှုးကို..

"ဒီအတောအတွင်း ဆေးရုံကထွက်သွားတဲ့

ဝန်ထမ်းတွေရှိလား..''

"နှစ်ယောက်ထွက်သွားပါတယ်ဆရာမကြီး.''

"အဲ့လူတွေရဲ့ cvယူလာခဲ့..''

ရင်ခွင်ရိုင်း {Complete}जहाँ कहानियाँ रहती हैं। अभी खोजें