part 8 zawgi

5.2K 57 0
                                    


ရင်ခွင်ရိုင်း. 💘...၈

တူ... တူ..တူ..
အိပ်ချိန်မို့.ဖုန်းကိုsilentလုပ်ထားကာမှ
ဝင်လာတဲ့ဖုန်းနံပတ်ကြောင့်..နွဲ့ယိမ်းမျက်လုံးအော်တိုပြူးသွားသည်။

"ဟလို..''
"နွဲ့ယိမ်း... ''
တဖတ်ကထွက်ပေါ်လာတဲ့သြရှရှအသံဟာ
မင်းထိုက်ပဲ....
"အင်း... မင်းထိုက်လား..''
"အေး..''
(မင်းထိုက်ရယ်နွဲ့ယိမ်းရယ်ပျိုရယ်..သူငယ်
ချင်းသုံးယောက်ရှိသည်။ အစကပျိုကသူ့ကို
လုံးဝမခင်မင်ပေ.. သူပဲအတင်းဝင်ရောလွန်း
ခဲ့လို့သာ..နောက်မှအချစ်ဆုံးသူငယ်ချင်းတွေ
ဖြစ်လာကြတာ..

ကျောင်းပြီးသွားတော့..ပျို့ကိုပရိုပိုစ့်လုပ်ခဲ့
သည်။ ပျိုက သူငယ်ချင်းလို့ပဲခင်ပါတယ်တဲ့
အပြတ်ကိုငြင်းလိုက်သည်။
မင်းထိုက်ကလည်း မာနကြီးသူတစ်ယောက်
ပါပဲ..ပျို့ကိုအင်မတန်ချစ်လွန်းလို့သာအမြဲ
အောက်ကျခံတာ..
ပျိုငြင်းလိုက်လို့နိုင်ငံခြားသဘောင်္လိုက်သွားသည်။

ဒါပေမယ့်..လက်လျှော့သွားတာမဟုတ်ဘူး...
လက်ရှိလည်းချမ်းသာပေမယ့်..သူ့ကိုယ်ပိုင်
အားနဲ့အောင်မြင်အောင်ကြိုးစားပြီး..
တနေ့ပြန်လာပြီးပျို့ကိုတောင်းရမ်းယူမည်စိတ်ကူးနဲ့.. .

ပျိုဘေးမှာဘယ်တုန်းကမှ.. ဘယ်ကျားသတ္တ
ဝါမှကပ်ခွင့်မရခဲ့တာကြောင့်..စိတ်ချထားခဲ့
တာအခုတော့..
နွဲ့ယိမ်းလည်းပျို့ကိုနားမလည်ပါ.. ကိုယ့်အပေါ်အနွံတာခံပြီးချစ်နိုင်တဲ့ မင်းထိုက်ကိုတော့လုံးဝငြင်းပြီး..

လွတ်လပ်ခြင်းနဲ့မှ ကောက်ခါငင်ကာခေါင်းညိတ်လိုက်တာ.. ဘာလို့လဲ..)
ဘယ်လိုလုပ်ရမလဲ...ပျို့အကြောင်းမေးရင်
ငါဘယ်လိုဖြေရမလဲ...

"နွဲ့ နင်ကောင်းလား..ပျိုကော..ပျိုနဲ့ဆုံသေး
လား.. ငါအရင်ဖုန်းကိုဆက်တော့ပျိုအဲ့မှာ
မနေတော့ဘူး..အိမ်ပြောင်းသွားတယ်ဆို..''

ငါသိပါတယ်..နင့်ပျို့ဆီအရင်ဆက်မယ်မှန်း.
လုံလုံ ဖုန်းကိုင်လိုက်တာဖြစ်နိုင်သည်.. လုံလုံ
ကလည်းသေချာမပြောတတ်တော့ပျို လက်ထပ်မှန်းသူမသိလောက်သေးဘူး..

"ထိုက်ထိုက်.. ငါနင့်ကိုပြောစရာရှိတယ်..
အဲ့တာလေ..ပျို..ပျို..''
"ပျိုဘာဖြစ်လို့လဲ..''

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now