Part 3 unicode

13.7K 405 17
                                    

ရင်ခွင်ရိုင်း 💘..၃

"အို..အမေ့..''
တစ်စုံတစ်ယောက်ကပျို့လက်ကိုဖမ်းချုပ်လိုက်သည်။

"ဟင် ရှင် ဘာလုပ်..အို လွှတ်..လွှတ်..''
...ထိုလူကပျို့ကိုသတ်ဖြတ်ချင်တဲ့မျက်လုံး
တွေနဲ့စိုက်ကြည့်နေသည်။

သူ့ကိုငါရင်းရင်းနှီးနှီးသိသလိုပဲ..
ဟာ.. ငါ ငါ ဝင်တိုက်မိတဲ့လူကသူ..သူပဲ
"ကျွန်မတောင်းပန်ပါတယ် မတော်တဆဖြစ်
တာပါ.''
ထိုလူ့အကြည့်တွေကပိုပြီးစူးရဲလာသည်။
သရဲစီးနေသလိုပဲ..
ပျိုတောင်းပန်နေပေမယ့်..သူကဂရုမစိုက်စွာ
သူ့ရဲ့လက်တစ်ဖက်ကပျို့လည်တိုင်ဆီရောက်
လာသည်။

ပျိုအားကုန်ရုန်းပေမယ့်တစ်စုံတစ်ရာကဖိချုပ်
ထားသလိုလှုပ်လို့လည်းမရပါ..
" တောင်း ပန် ပါ တယ်.. ''
သူ့လက်ကပျို့လည်တိုင်ကိုတင်းကြပ်စွာဆုပ်
ညှစ်ထားသည်။
အစ်..အစ်..အ. ..အ
ပျိုအသက်ရူလို့ပင်မရတော့..မျက်ရည်တွေပိုး
ပိုးပေါက်ပေါက်စီးကျလာသည်။

"မိပျို.. မိပျို... ဟဲ့
မိပျို နင်ဘာဖြစ်နေတာလည်းထအုံး..''
ရုတ်တရက်အလင်းတန်းတစ်ခုပေါ်လာပြီး
ပျိုတံခါးတစ်ချပ်နားရောက်သွားသလိုခံစားရသည်။

"မိပျို...''
"ဟင် ''
နွဲ့ ကသူမအားအတင်းလှုပ်နိုးနေချင်းကြောင့်
သာဖြစ်သည်။
"နွဲ့ နွဲ့.. ငါ အိမ်မက်မက်နေတာ..အီးဟီး''
"ဘာအိမ်မက်မို့လို့လဲ.. နင့်ကိုတော်တော်
ခေါ်ယူရတယ်..''
"ငါ့ကို ဟိုလူလည်ပင်းလာညှစ်တယ်..''
"ဘာ..ဘယ်သူ.''
"ငါ ကားနဲ့ဝင်တိုက်မိတဲ့လူလေ..''
"နင်ကအဲ့လူကိုဘယ်လိုလုပ်..''

"ငါ မှတ်မိပြီ..ငါသူ့ကိုသိတယ်.. အရင်ကမြင်
ဖူးတယ်..အဲ့လူပဲ.. အဲ့လူကအရမ်းဒေါသ
ကြီးတာ..အခုသူသေပြီထင်တယ်.
ငါ့ကိုမကျေနပ်လို့လည်ပင်းလာညှစ်တာနေ
မှာ..''
"မိပျိုရယ်....''
ပျို တစ်ကိုယ်လုံးချွေးတွေရွဲနစ်နေတော့နွဲ့
လည်းဘာပြောလို့ပြောရမှန်းမသိတော့..
"နင်စိတ်ထဲစွဲလမ်းလို့ အဲ့လိုမက်တာပါဟာ..
ခနနေအုံးနော်..ငါဘုရားခန်းသွားပြီးရေမန်း
သွားယူပေးမယ်..''
"ဟင့်အင်း နင်မသွားနဲ့. "

ကဲ.. ပျိုကဘယ်တုန်းကမှသူတစ်ပါးကိုထိခိုက်
အောင်လုပ်ဖူးတဲ့လူမဟုတ်ပါ..
အခုသူ့ကြောင့်ထိုလူသေသလားရှင်သလား
မသိတော့. စိတ္တဇဖြစ်နေပြီ..

ရင်ခွင်ရိုင်း {Complete}Tempat cerita menjadi hidup. Temukan sekarang