" လက်စသတ်တော့လက်ကိုင်ပုဝါအကြောင်းပြပြီး

ယောက်ျားကိုမြူစွယ်ချင်နေတာကိုး.." 

" ရှင် သေလိုက်ပါလား..." 

" မသေနိုင်ပါဘူး.. ဒီလောက်နေပျော်စရာကောင်း

တဲ့ဘ၀ကြီးကိုသေစရာလား... " 

" လူကိုလွှတ်စမ်းပါ..." 

ပျိုသူ့ကိုတွန်းလိုက်တာအားမပါပေမယ့်၊သူကပျို့ကို

ပါဖက်ပြီးနောက်ကကုတင်ပေါ်ပစ်လှဲချလိုက်ပါသည်။ ပျိုကသူ့အပေါ်ကထပ်လျှက်သားလဲကျသည်။

ပျို့ခါးကိုဖက်ထားတာမလွတ်သေးပဲ...

" မင့်သားကငါ့ကိုတောင်းဆိုထားတာတစ်ခုရှိတယ်..အခုငါအဲ့တာကိုလုပ်ဆောင်ရမယ်..." 

" သားကဘာပြောလို့လဲ... " 

" တစ်ယောက်ထဲနေရတာပျင်းတယ်တဲ့.." 

" လွတ်လပ်ခြင်း ရှင်အရူးမထနဲ့ဖယ်..ဖယ်"

ပျိုကသူ့လက်ထဲကနေလွတ်အောင်ရုန်းထပြီး

ဘေးနားမှာကျနေတဲ့လက်ကိုင်ပုဝါကိုပါကောက်ယူ

ကာ...

"ဒါကျွန်မကိုအသက်ကယ်ပေးတဲ့လူရဲ့ပစ္ဓည်း..

ရှင်က သူများသုံးပြီးသားပစ္စည်းဆိုရွံတယ်

မို့လား.. နောက်မကိုင်ပါနဲ့....''

ဒါလေးတော့ခြင်းလက်ထဲဖျက်ဆီးမခံနိုင်ပါ

နောက်သူဘယ်တော့မှမမြင်တဲ့နေရာမှာသိမ်း

ထားတော့မည်..

သူမဥစ္စာခြောက်နေတာကိုလိုက်ကြည့်ပြီး ခြင်းရဲ့

နှုတ်ခမ်းထောင့်စွန်းမှာပြုံးရိပ်သန်းသွားတာကို

သူမတော့မမြင်လိုက်ပါ။ 

ဒီမိန်းမတဖြေးဖြေးနဲ့ချစ်စရာကောင်းလာတယ်

ဟက်...

===========================

ခြင်းနိုင်ငံခြားမှာရှိနေစဉ်တုန်းကလုပ်ငန်းနဲ့

ပတ်သက်ပြီးအများအပြားအကူအညီပေးခဲ့

သည့်..အန်ကယ်ဦး မြန်မာပြည်ရောက်နေတယ်ဟု ဆိုသဖြင့် သူသွားရောက်တွေ့

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now