"ပျို နင်ဘာလို့အဲ့မှာနေမှာလဲဟာ..နင့်မှာအိမ်
ရှိတာပဲ ကိုယ့်အိမ်ပဲကိုယ်ပြန်နေပါတော့လား.
.. နင့်မှာနေနေသေးရင် နင့်ကိုရက်ရက်စက်စက်ပြစ်သွားတဲ့ ဟိုလူကိုနင်ကမျှော်လင့်နေ
သေးတယ်လို့...
သူ့မိဘတွေကထင်နေမှာပါ.. ပျိုရာ အဲ့လူရိုင်း
ကောင်ကိုနင့်ဘက်ကလည်း
ပြတ်သားကြောင်းပြလိုက်ပြစမ်းပါ...
နင့်ရုပ်နင့်ရည်နဲ့ဆို ယောက်က်ျားတွေမှထမိန်တစ်ခါရမ်း လာစမ်းအတန်းလိုက်ပဲ ဟဲ့..''

"အမလေး နွဲ့ရယ်.. ပြောလိုက်မှဖြင့်
ယောက်က်ျားဆိုတာ ရတိုင်းယူလို့ကောင်း
တဲ့အရာမို့လား...
အနောက်နိုင်ငံ
မှာသာအတူနေရည်းစားတွေထည်လဲတွဲလဲ
လက်ခုပ်တီးပြီးအားပေးကြတာ..
ငါတို့နေတာမြန်မာပြည်ဟဲ့.. မိန်းမတစ်ယောက်ကတစ်ပင်မလဲခင်သာတစ်ပင်ထူ
ကြည့်ပါလား..
ရှေ့ကနေဖြတ်သွားရင်နောက်ကနေလူတွေ
ကပက်လက်လန်အောင်ကဲ့ရဲ့ကြမှာ..
ငါတော့မတွေးရဲပေါင်..
ပြီးတော့ ငါနဲ့သူကတရားဝင်ပြတ်ဆဲထားတာ
လည်းမဟုတ်ဘူး..''

"အမလေး နင်ကသာအခုထိတရားဝင်ချင်နေသေးတာ..
ဟိုလူကဖြင့် အခုလောက်ဆိုမိန်းမတွေဒါဇင်နဲ့
ချီယူပြီးလောက်ပြီ.. ဟွန့်..''

နွဲ့ကလည်း သူ့ကိုဒေါကန်၏။
...................
ပျိုနဲ့ မင်းထိုက်စကားပြောနေကြသည်။
သားသားကတော့ခပ်လှမ်းလှမ်းမှာအရုပ်နဲ့
ထိုင်ကစားနေသည်။

ပျိုကမင်းထိုက်ကိုနောင်ရိုးအကြောင်းပြောပြ
သည်။
"အဲ့ကောင်လေးကနင့်အပေါ်မရိုးသားဘူး
ပေါ့..
ဒါနဲ့ ပျို ဒေါ်ခင်မျိုးချစ်နဲ့နင်ဆုံတာကကော
သွေးရိုးသားရိုးဟုတ်ရဲ့လား..''

"ထိုက်ထိုက်ရယ် နင်ကစိုးရိမ်လွန်နေပြန်ပြီ..
ငါ့လိုကလေးတစ်ယောက်အမေကို ဘယ်မိ
ဘကသူတို့သားလူပျိုနဲ့ နီးစပ်စေချင်မှာလဲ..
ပြီးတော့ ငါ့လိုပုံတုံးတုံးမိန်းမကိုဘယ်သူက
စိတ်ဝင်စားမှာလဲ..''

"မရှိဘူး လို့တော့မပြောနဲ့လေ..ဒီမှာနင် ငါ့ကို
မမြင်ဘူးလား..''
"ထိုက်ထိုက်နော်.. ''
"ပျို ငါအတည်ပြောတာနော်.. ငါအခုထိ
နင်ကိုမျှော်လင့်နေတုန်းပဲ..''
"နင် ဒါမျိုး ဟာသပြောတတ်လိမ့်မယ်လို့
ငါမထင်ဘူး..''

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now