"ပြန်ချင်ရင် ကျွန်တော်လိုက်ပို့ပေးမယ်လေ..''
"နေပါစေ.. ခြင်း ကိုစောင့်..''
"ဟား.. ဒီကောင်ကဒီလိုပွဲမျိုးဆို..အသားကုန်
ကဲတတ်တာ..မပြီးမချင်းပြန်မှာမဟုတ်ဘူး..''

ဒီပွဲုပြီးအထိဆိုရင်.. တော်တော်ညနက်မှာပဲ..
သားလေးငိုနေရင်ဒုက္ခ..
ပျို မျက်နှာပျက်နေသည်။ဒါကိုသိလို့သိုက်
ကတမင်သွေးတိုးစမ်းနေတာ..
"ကျွန်တော်က ပျို့အတွက်ပြောတာပါ..
ကျွန်တော့်ကိုမယုံလို့လား..''

"မဟုတ်ပါဘူး.. ခြင်းနဲ့အတူလာတာမို့သူမသိ
ပဲပြန်ရင်..''
"ပျို..မပူပါနဲ့ ကျွန်တော့်သူ့ကိုဖုန်းဆက်ပေးမယ်..လာပါ..''
ပျို သားကိုစိတ်မချသဖြင့် ထရပ်ပြီး သိုက်နောက်လိုက်လာမိသည်။
ကားနားအရောက်မှာ..
"သိုက်...''
ခေါ်သံကြောင့်လှည့်အကြည့်မှာ..
ခွပ်.. မေးဖျားကိုပင့်ထိုးချင်းခံလိုက်ရသည်။

"ခြင်း မင်း..''
"ဆောရီး.. ငါကပါးစပ်ထက် လက်ကအရင်
ရောက်တတ်တာ..အကျင့်ပါနေလို့..''
"ဟ ခြင်း
ငါကပျို ပြန်ချင်တယ်ဆိုလို့..''
"မင်းနဲ့ ဘာဆိုင်လဲ..''
"မင်း ကခေါ်လာပြီး ပစ်ထားတာ..''
"မင်းအပူပါလား..''
"ခြင်း မင်းနဲ့ငါကဘော်ဒါအရင်းကြီးပါ..
ပျိုက..''
"တော်စမ်း..နောက်တစ်ခါအဲ့နာမည်ထပ်ခေါ်
ုရင်... ခုနကလိုညှာနေမှာမဟုတ်ဘူး..''

"မင်း တော်တော်အဖြစ်သည်းပါလား..
သူများ အမညီမတွေတုန်းကတစ်ယောက်မချန်မင်း ကြံခဲ့ပြီး..မင်းမိန်းမကြတော့မှ ...
အူတိုနေလိုက်တာ..''

"မင်းညီမအစ်မတွေအတွက် ငါ့ဆီကနေ
တစ်ခုခုပြန်ယူချင်တာဆိုရင်... တန်ရာတန်ကြေးပဲတောင်းလေ....''

သူ့ညီမတွေက သူ့မိန်းမလောက်တန်ဖိုးမရှိဘူး
လို့ပြောလိုက်တာလား....

သူ ပျို့ကိုခေါ်လာတာက သူကလုပ်ငန်းလုပ်နေပြီဖြစ်လို့ နောက်ဆိုရင်လည်းဒီလိုမျိုးစုံတွဲ
တတ်ရတဲ့ပါတီတွေမှာ.. ပျိုမစိမ်းအောင်ပါ..

သူကဒီမှာလုပ်ငန်းရှင်အချို့နဲ့တွေ့စရာရှိနေသည်။ အဲ့လူတွေက ရမ္မက်ခိုးဝေနေတဲ့
မျက်လုံးတွေနဲ့ ပျို့အလှကိုအမြည်းစိမ်သောက်ကြမှာကို မလိုလားတာကြောင့်
ချောင်ကြတဲ့ဝိုင်းမှာထားရစ်ခဲ့ကာမှ.. အချောင်သမားကလာနှိုက် မြည်းချင်သေးသည်။
ပျို.. ဒီမိန်းမတော်တော်ကို အ တာ...
ခြင်း ကပျို့ကို ကားပေါ်ပစ်တွန်းတင်ပြီး..
အရှိန်ပြင်းပြင်းမောင်းလာခဲ့သည်။

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now