"မင်း.. မင်းမိဘတွေကသားသမီးကိုသူငယ်
ချင်းလိုပေါင်းတယ်လို့ကြားတာ..တကယ်
တော့သွန်သင်ဆုံးမမှုမရှိတာပဲ..
ဒုသနသောမကြောက်..သူများသားမယား
ကိုကြာကူလီလုပ်တတ်အောင်..မြှောက်ပေး
ထားတာ.''
"ကျုပ်မိဘတွေက..အမျိုးသမီးတွေကိုတန်ဖိုး
ထားတတ်အောင်သေချာသွန်သင်ထား
တယ်..ဒါကြောင့်မမရဲ့တန်ဖိုးကိုကျုပ်ကနားလည်တယ်.
ခင်ဗျားသာ..အားနည်းတဲ့မိန်းကလေးတစ်
ယောက်ကို..ကိုယ့်ကိုဘာမှပြန်မလုပ်နိုင်မှန်း
သိရဲ့သားနဲ့..ချည်ပြီးတုပ်ပြီးမှအနိုင်ကျင့်တာ
... ဒါတောင်ခင်ဗျားကယောက်ျားလား
ရှက်တတ်ရင် သေဖို့ကောင်းတယ်..''

"တောက်))) ခွပ်..''
"ဒါခင်ဗျား...ဝန်ခံတာပေါ့..''
နောက်တစ်ချက်ထိုးဖို့လက်အရွယ်မှာ..
အပြင်ကပြန်လာတဲ့ပျို ပြေးဝင်လာကာ...
"တော်ပါတော့..မလုပ်ပါနဲ့ တော့..''

ရွယ်ထားတဲ့လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုတ်ရင်း..တောက်))))....
"နောင်ရိုး..သွားတော့..''
"မင်းနဲ့ ငါ ထပ်တွေ့ရင် အဲ့နေ့မင်းသေနေ့စေ့
လို့ပဲ..''
"စောင့်နေမယ်..''
နောင်ရိုးက မချေမငံပြန်ပြောပြီးထွက်သွားသည်။ သူတို့ဘာတွေဖြစ်ခဲ့ကြလဲပျိုမသိပါ။
ကားရပ်ရပ်ခြင်း..ကောင်မလေးကပြေးလာပြီး.
"မမယောက်ျားရောက်နေတယ်..နောင်ရိုးနဲ့
ရန်ဖြစ်နေတယ်ဆိုလို့''ပြေးလာတာ...

ဒါတွေအားလုံးက ပျို..မင်းကြောင့်
သူမသာ ကိုယ့်အိမ်ထောင်ရေးအကြောင်း
လျှောက်မပြောခဲ့ရင် ဘယ်သူကသိနိုင်မှာလဲ
တောက်..)))

ဝုန်း...
လူကိုမလုပ်လိုက်ရသဖြင့်စားပွဲခုံတွေပိတ်ကန်
ပစ်လိုက်သည်။
"ခြင်း..ရှင်ကျွန်မအပြင်ထွက်တာမကြိုက်ဘူး
ဆိုရင်..ကျွန်မကိုပဲပြောပါ..
ဆိုင်ကဝန်ထမ်းတွေကဘာအပြစ်ရှိလို့ဒီလိုမျိုး
ထိ...ကိုယ်ထိလက်ရောက်လုပ်တာလဲ..''

"ဒါတောင်ငါ စိတ်မပါသေးလို့..ငါစိတ်ပါရင်အဲ့ကောင်တမလွန်ရောက်နေလောက်ပြီ..''

"သူကရှင့်ကိုဘာလုပ်လို့လဲ..ရှင့်အပေါ်ဘာ
အပြစ်ကျုးလွန်ခဲ့လို့..ဒီလောက်တောင်မှ..''

"အပြစ်ပိုရှိတာကမင်း.. ဒီဆပ်ပြာခွက်လောက်
ဆိုင်ကိုအကြောင်းပြပြီး ငါ့ကိုပမာမခန့်လုပ်
တယ်..မင်းစောင့်ကြည့်နေ..ငါဒါကိုဒီနေ့အတွင်းဖြိုပြမယ်..''

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now