"မေမေကလည်းဗျာ..ကျွန်တော့်မမ အနားမှာ
ကျားဆိုလို့ အရုပ်တောင်ရှိတာမဟုတ်ဘူး..''

"ပြီးတာပါပဲရှင့်.. ဒါမှမဟုတ် မေမေတို့ကကြား
ဝင်ပေးရမယ်ဆိုရင်လည်း မာနကြီးမနေပဲ
တောင်းဆိုနိုင်ပါတယ်လို့..''

"ကျွန်တော့်မိသားစုက အဲ့လောက်ပွင့်လင်းနေ
တာပြသနာပဲ..
မမသာရောက်လာရင် သူမနေတတ်အောင်
ဖြစ်နေမှာ..''
"အမလေး ဖေကြီးရေ တော့်သားက မုန့်ဆီ
ကြော်ကဘယ်နေမှန်းမသိဘူး..နှုတ်ခမ်းနာနဲ့
တည့်ပါ့မလားလုပ်နေပြီရှင်..."

"ကဲ သားနောင် ခေါ်လာမယ်ဆိုရင်လည်းမြန်မြန်
သာခေါ်လာခဲ့တော့ကွာ..ဒီမှာမင်းအမေကချွေးမလိုချင်လွန်းလို့ပူဆာနေတာကြာပြီ....''
"မေမေတို့ ကလည်းဗျာ..''

ကျွန်တော်လည်း မမကိုပုခုံးတင်ထမ်းပြီး
ကျွန်တော့်မမပါလို့တစ်လောကလုံးကိုကြွား
ချင်တာပေါ့..
ဒါပေမယ့် လက်ရှိအနေအထားလေးပျက်
စီးမှာကိုကြောက်ပြီး..စောင့်ရင်း..စောင့်ရင်း..
ဒီလိုနဲ့..
ချစ်တယ်လို့ဖွင့်မပြောနိုင်လောက်အောင်ကို
ချစ်ခဲ့တာပါမမ...
ဒါနဲ့အခုတလော..မမမျက်နှာညှိးနွမ်းနေပါလား.. ဘာများစိတ်ဆင်းရဲစရာရှိနေပြန်ပြီလည်းမသိဘူး..
=========================

သူတို့အတွက်မင်္ဂလာဖိတ်စာတွေရပြီဖြစ်သည်။
အန်တီသက်ကပျို့ကိုသူ့အိမ်ခေါ်ထားသည်။
ပျို့ဘက်ကလူကြီးဆိုလို့ဘပဲရှိတော့ အရာအားလုံး
အန်တီသက်ပဲစီစဉ်နေရသည်။

"ကြည့်ပါအုံး ဖိတ်စာလေးကလှလိုက်တာ..
သားနဲ့သမီး နာမည်ရိုက်ထားတာကိုကြည့်ပြီး
မေမေဖြင့် အိပ်မက်မက်နေသလိုခံစားရတယ်..''
"ချိုသာ ရှိရင်နှစ်ယောက်သားတိုင်တိုင်ပင်ပင်
နဲ့ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ..

သမီး..မေမေသက်ကိုမေမေလို့ပဲခေါ်ပါနော်..
သားကအင်္ဂလိပ်ကျောင်းတတ်လို့ ငယ်ငယ်
ထဲကမာမီလို့ပဲခေါ်တယ်လေ..
တကယ်တော့မေမေလို့ခေါ်တာကြားချင်တာ..''
"ဟုတ်ကဲ့ မေမေ..''
" ငါ့သမီးကမှအလိမ္မာလေး..,''

မေမေသက်လျာဟာအစပိုင်းတော့ကောင်းပြပြီး
နောက်ပိုင်းကြမှ
ယောက်က္ခမပါဝါပြမယ့် အမျိုးသမီးမဟုတ်
တာတော့ သူမယုံကြည်ပါသည်။
ယောက္ခမဆီကအများကြီးအချစ်ခံရသဖြင့်
ပျို့ကံက အဆိုးကြီးတော့လည်းမဟုတ်လောက်ပါဘူးလေ..
ဖေဖေမောင် ကလည်းသူမကိုချစ်တာပဲ..
ဒါပေမယ့်.. လွတ်လပ်ခြင်းဆိုတဲ့ လူရှုပ်ကတော့
ဖိတ်စာပုံကြီးကိုကြည့်ပြီးရှုံ့မဲ့နေလိုက်တာများ..

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now