"ဘာကိုငါ့ချစ်သူလဲ မင်းကိုဘယ်သူကချစ်တယ်ပြောရသေးလို့လဲ"
"အင်းပါ ကျွန်တော်ကူသိမ်းပေးမယ်hyungကထိုင်ပြီးဘာတွေလုပ်ရမှာလဲဆိုတာပဲပြောပြပေး"
"Okay"
"အွန်း"
ကျွန်တော်လဲသူ့ကိုသိမ်းစရာရှိတာလေးတွေပြောပြပြီးပြီဆိုတော့ လက်ဆေးဖို့အနောက်သို့ဝင်သွားခဲ့မိလေသည်။
"Hyung...."
"Omma မင်းဘာလုပ်တာလဲ"
"ဖက်ထားတာလေ ဒီကပြန်သွားရင်လွမ်းနေရအုံးမယ်လေ အဲ့တာကြောင့်အလွမ်းပြေဖက်နေတာ"
ခါးကိုဖက်ထားပြီးပုခုံးပေါ်မေးတင်ကကပ်ချွဲနေပါသောသူက လူတကာသိတဲ့Mr.kimမှာဟုတ်ပါစ ကြားဖူးသမျှတိကျပြတ်မှုနဲ့ခပ်တည်တည်နေလွန်းလို့လူတိုင်ရှိန်ရတယ်ဆိုတဲ့သူက အခုတော့ကလေးလိုလာချွဲနေတာလား Joon...
"အွန်း ဟမ် !Joonလို့ခေါ်လိုက်တာလား ဟုတ်တယ်မို့လား"
"ဟုတ်တယ်လေ ဘာလို့လဲမကြိုက်လို့လား"
"ကြိုက်တယ် ကြိုက်လွန်းလို့နောက်တစ်ခေါက်လောက်ထပ်ခေါ်ပေးပါလား"
"မခေါ်ချင်ပါဘူး"
"ဟာ Hyungလေးကလည်းနောက်တစ်ခေါက်ပဲထပ်ခေါ်ပေးလေ နော်နော်"
"ဟားးး တော်ပြီကွာ အခုဖက်ထားတာလွှတ်တော့"
"နောက်တစ်ခေါက်ထပ်မခေါ်ရင် မလွှတ်ဘူးဖက်ထားမှာ"
Jinလည်းJoonနဲ့မျက်နှာချင်းဘက်ကိုလှည့်ကာ
"ဆိုးနေပါလားJoon"
"Hyung..."
"ငါအချစ်ဆိုတာကိုရေရေရာရာတွေးဖူးတာမရှိဘူး အချစ်ကိုလဲမခံစားတက်ဘူး အဲ့နေကသာမင်းနဲ့မနမ်းဖြစ်ခဲ့ဘူးဆိုရင်ငါအချစ်ဆိုတာကိုအခုထိစဥ်းစားနေမယ်မထင်ဘူး ပြီးတော့ငါစိတ်ပူမိတာက ငါ့ဘဝထဲဝင်လာပြီးပြန်ထွက်သွားတဲ့လူတွေနဲ့ငါတွေ့မှာဆိုးတယ် အဲ့ဒီထဲမှာမင်းသာငါစိုးရိမ်သလိုလုပ်ခဲ့ရင် ငါ့မှာခံနိုင်ရည်ရှိမှာမဟုတ်ဘူးJoon"
"Hyungကျွန်တော်ကိုကြည့်ပါအုံး ကျွန်တော်Hyungကိုချစ်တယ်ဆိုတာ ပေါ့ပျက်ပျက်ပြောခဲ့တာမဟုတ်ရပါဘူး ပြီးတော့ထားသွားဖို့လဲမဟုတ်ဘူး ကျွန်တော်Hyungကိုမဖြစ်မနေထားသွားရမယ်ဆိုတဲ့အချိန်က ကျွန်တော်ရဲ့နေဝင်ချိန်ပဲဖြစ်လိမ့်မယ်hyung"
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
