~~Again~~

271 11 14
                                        

Unicode

အေးချမ်းလှတဲ့ဆောင်းရာသီမနက်ခင်းအချိန်အခါတစ်ခုတွင် လူတိုင်းနီးပါးကုတ်အင်္ကျီအရှည်ဖြင့်သွားလာနေရာချိန်တစ်စုံတစ်ယောက်ကတော့သွေးဆူနေချင်ကြောင့် အေးလို့အေးမှန်းပင်သိပုံမပေါ် အဲ့ဒီတစ်စုံတစ်ယောက်တော့ Joon တစ်နည်းအားဖြင့် Kim Namjoon...

"မင်းတို့ကောင်တွေဒီလောက်လေးတောင်‌ောက်သုံးမကျကြဘူးလားဟမ် !
ပြောကြစမ်း မင်းတို့'အ'ကုန်ကြတာလား !"

"မဟုတ်ရပါဘူးboss ကျွန်တော်တို့အပြစ်တွေပါ တဖက်ကရန်သူတွေကိုအထင်သေးမိတဲ့ကျွန်တော်တို့အပြစ်တွေပါ အဲ့တာကြောင့် bossပေးသမျှအပြစ်အကုန်နာခံပါ့မယ် boss"

"အေး ကောင်းတယ် ငါကလည်းကိုယ်လုပ်ရင်ကိုယ်ခံရဲတဲ့သတ္တိကိုသဘောကျတယ် အဲ့တော့မင်းတို့အတွက်လက်ဆောင်ကတော့"

ဒိုင်းးးဒိုင်းးဒိုင်းးး

Joonဟာကျန်တဲ့ကိစ္စတွေမှာခွင့်လွှတ်ပေးသလောက် အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်တဲ့သူဆို နည်းနည်းလေးမှညှာတာမှုမရှိအပြစ်ပေးတက်သည် အဲ့အပြစ်ကတော့နေဝင်ချိန်နေထွက်ကိုနောက်တစ်ခေါက်ပြန်မမြင်အောင်ထာဝရအိပ်စက်စေချင်ပဲဖြစ်ပေသည်..။
...............................................

"သားJinမထသေးဘူးလား Cafeသွားဖို့နောက်ကျနေအုံးမယ်"

"Ommaကလည်း သားနည်းနည်းလောက်ပဲထပ်အိပ်လို့မရဘူးလား"

"မရဘူးအချိန်ကိုကြည့်အုံး၇နာရီထိုးတော့မယ်"

"ဟမ် ၇နာရီ !Ommaရယ် စောစောနှိုးရောပေါ့ အခုတော့နောက်ကျတော့မယ်"

ပွစိပွစိနဲ့ပြောဆိုကပြေးထွက်သွားသောသားတော်မောင်ကိုကြည့်ပြီး
အစ်မကြီးKimမှာပြုံးရုံသာပြုံးနိုင်တော့သည်။ဒီသားလေးကိုချစ်ရသည်မဟုတ်ပါလား မိသားစုဆိုလို့ သူနဲ့ဒီသာလေးသာရှိသည် ။

ကျွန်တော်အသက်ကအခုဆို ၂၈နှစ် အမေတစ်ခုသားတစ်ခုပေါ့ Appaကတော့ကျွန်တော်၂တန်းနှစ်မှာတင်ဆုံးသွားခဲ့တယ် Ommaကအလုပ်တွေသေချာကြိုစားပြီးသူများထက်အောက်မကျအောင်ထားပေးခဲ့တယ် အခုကျွန်တော်အလှည့်ပေါ့Ommaကိုနားနားနေနေ နေစေချင်ပြီလေ အဲ့တာကြောင့်ကျွန်တော်ဘွဲ့ရပြီးတော့Appaရဲ့ကုမ္ပဏီသေးသေးလေးကို
‌ဦးစီးခဲ့တယ် ကုမ္ပဏီမှာ၅နှစ်လောက်အကုန်အရုန်းကြိုးစားခဲ့တာအခုဆို Ommaကိုအရင်ကထက် တင့်တောင်းတင့်တယ်ထားနိုင်ခဲ့ပြီ အခုတော့အဲ့ကုမ္ပဏီကိုကျွန်တော်ညီဝမ်းကွဲတစ်ယောက်ဆီလွဲထားပြီး ကျွန်တော်ကMagic shopဆိုတဲ့နာမည်နဲ့ Cafeလေးဖွင့်ထားတယ် အေးအေးချမ်းချမ်းလေးနေချင်တာလည်းပါတာပေါ့ အသက်ကကြီးလာပြီဆိုတော့လေ ဟဲဟဲ

~~Again~~  (Completed)Where stories live. Discover now