"မင်းကိုဘယ်သူကလက်ခံလို့လဲအရူးကောင်ရဲ့"
"ဟီးးး"
"လာမရယ်ပြနဲ့ ဘေးဖယ်ငါအလုပ်သွားရအုံးမယ်"
"လိုက်ခဲ့မယ်လေ"
"ဘာလိုက်လုပ်မှာလဲ"
"အဖြေလိုက်တောင်းမို့လေ"
"ဘယ်သူကခေါ်လို့လဲ"
"Coffeeလာသောက်မှာပေါ့"
"အရူးကောင်"
ပြောပြီးထွက်သွားတဲ့ကျွန်တော်ရဲ့ရှင်သန်ရာလေးရဲ့အနောက်ကိုလိုက်ရအုံးမယ်ဗျ ပြန်တွေ့တွေ့ချင်းပေးလိုက်တဲ့နာမ်စားလေးကလှတော့လှသားဗျ ဘာတဲ့ မကောင်းတဲ့အကောင် အရူးကောင်တဲ့ ဟားးး"
"ကြိုဆိုပါတယ်ဗျ ဘာများသုံးဆောင်ကြမလဲ"
"ချောလိုက်တာဟယ် ကမကြည့်စမ်း ပြုံးပြလိုက်တော့ပေါ်လာတဲ့ပါးချိုင့်ကွက်လေးကလှလိုက်တာ ငါတော့အဲ့ပါးချိုင့်ကွက်လေးထဲမှာနေချင်လိုက်တာ"
"အဟမ်း ဒီကညီမတို့ဘာများသုံးဆောင်မလဲ မောင် ကြည့်ပါအုံးချွေးတွေထွက်နေပြီအဲ့တာကြောင့်ပြောပါတယ်အလုပ်မလုပ်ပါနဲ့လို့"
"ဘာများမှာမလဲညီမတို့"
"အော် ညီမတို့ကိုCappuccinoနှစ်ခွက်ပေးပါ Oppa"
"ခဏလောက်စောင့်ပေးနော်"
"Nae..."
"ကမ နင်နေချင်နေတဲ့ပါးချိုင့်ကွက်လေးက နင့်ထက်အရင်နေနေနဲ့ပိုင်ရှင်ရှိပြီးသားဟဲ့ ဟားးး"
ကမအလိုက်ကမ်းဆိုးကိုမသိဘူး ကိုယ့်သူငယ်ချင်းလေးအသဲကွဲသွားတာကိုလာစနေတယ် သူ့ကိုပြန်ရန်တွေ့နိုင်စွမ်းတောင်မရှိတော့ဘူး နဂါးမျက်စောင်းသာတစ်ချက်ပစ်ကျွေးလိုက်သည်
.................................................
"Hyungလေး ဆိုင်သိမ်းတော့မှာဟင်"
"အင်းလေ မမြင်ဘူးလား"
"မြင်တာပေါ့ သိမ်းပြီးတာနဲ့အိမ်တန်းပြန်မှာလားဟင်"
"အိမ်မပြန်လို့ငါကဘယ်သွားရမှာလဲ"
"မသိဘူးလေ ဟီးးးညစာစားပြီးမှပြန်လို့မရဘူးလား"
"မရဘူး အိမ်မှာOmmaစောင့်နေတယ်"
"အဲ့တာဆို ကျွန်တော်လဲလိုက်မယ်လေ ယောက္ခမကြီးကိုတစ်ခါထဲနှုတ်ဆက်မယ်လေ မင်္ဂလာမှာကျွန်တော်က Hyungလေးရဲ့ချစ်သူပါဆိုပြီးလေ"
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
