ကျွီ...
"အာ့ ကတောက်"
ဒေါက်ဒေါက်
လူကနဂိုထဲမှာစိတ်ကမကြည်ပါဘူးဆိုအခုလိုကားကိုလူလိုသူလိုမမောင်းတဲ့အကောင်ကိုပြောဆိုဖို့ ဆင်းလာပေမဲ့....
တံခါးခေါက်သံကြားလို့မှန်ချပေးလိုက်တဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းက....မောင်
စိတ်ထဲ၌သာရေရွတ်မိခဲ့တဲ့နာမ်စားလေးကိုယ်မျက်လုံးလဲကိုယ်မယုံနိုင်ခဲ့ဘူး စိတ်ထဲကနေအမြဲတောင့်တနေရတဲ့လူတစ်ယောက်ကအခုလိုကိုယ့်ရှေ့မှာပေါ်လာတော့အိမ်မက်များလား
"Hyung hyung အဆင်ပြေရဲ့လား သတိရနေခဲ့တာ"
ဘယ်တုန်းထဲကကားအပြင်ကိုရောက်နေမှန်းတောင်မသိလိုက်ခဲ့ချေ အခုသူကကျွန်တော်ကိုထွေးပွေ့ကာ သတိရတဲ့အကြောင်းတွေပါပြောနေတော့ဒါကအိမ်မက်တော့မဖြစ်နိုင်တော့ဘူးမဟုတ်လား....
"လွှတ် လွှတ်စမ်းငါ့ကို မင်းကဘယ်သူလဲ ဘယ်သူ့မို့လို့ငါ့ကိုလာဖက်နေတာ"
"ကျွန်တော်ပြောခဲ့တယ်လေ ခရီးကပြန်ရောက်တာနဲ့Hyungကိုသေချာပေါက်လာရှာပါ့မယ်လို့လေ"
"မင်းပြောခဲ့တုန်းကသုံးရက်နေရင်ပြန်လာခဲ့မယ်ဆို ငါကြားခဲ့ရတဲ့သတင်း ငါမြင်ခဲ့ရတဲ့TVဖန်သာပြင်ပေါ်ကမင်းရဲ့ပုံ ငါသိခဲ့ရတဲ့မင်းရဲ့အကြောင်းတွေကရောတကယ်မဟုတ်ခဲ့ဘူးပေါ့"
"တချို့သတင်းတွေတော့မှန်ပေမဲ့ ကျွန်တော်သေသွားခဲ့တယ်ဆိုတဲ့သတင်းတော့မဟုတ်ပါဘူး အဲ့တာကြောင့်ကျွန်တော်အခုhyungအရှေ့မှာရှိနေတာပေါ့"
"မကောင်းတဲ့အကောင် ငါ့ကိုပြစ်ထားပြီးမင်းကတော့ဟိုမှာအလုပ်ကိုအေးဆေးလုပ်နေတဲ့ပေါ့ ငါ့မှာမင်းသတင်းကြားကြားချင်းရူးတော့မလိုပဲ အခုလိုကြာမယ်ဆိုလဲ Ph No.လေးပဲဖြစ်ဖြစ်ပေးသွားမှပေါ့ ငါဘယ်လောက်တောင်ခံစားခဲ့ရလဲ သိရဲ့လားမကောင်းတဲ့အကောင်ရဲ့ ...."
ကျွန်တော်တောင်းပန်ပါတယ်Hyung အရာအားလုံးအတွက်Hyungကိုအဲ့လောက်ထိစိတ်မကောင်းဖြစ်လိမ့်မယ်လို့မတွေးမိလိုက်လို့ပါ မငိုပါနဲ့တော့ရှေ့လျှောက် ကျွန်တော်ကHyungအနားမှာပဲတစ်သက်လုံးနေတော့မှာမို့လို့ hyungကိုမျက်ရည်မကျစေရတော့ဘူးလို့လဲ ကတိပေးပါတယ်"
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
