စကားပြောဆိုပြီးသွားတော့..ဆေးရုံကို ခဏပြန်သွားပြီး ​ကိုအဲတို့ အဝတ်အစားတွေ ပဲ ပြန်ယူကာ တခြားအသူံးအဆောင်တွေအား ဆေးရုံအတွတ် လိုတဲ့နေရာ သုံးဖို့ လှူခဲ့လိုက်ကြသည်။ဖေကြီးတို့ရော ကိုကြီးနဲ့ ကိုနေတို့ကပါ လူနာတွေရော ၊ဆေးရုံအတွတ်ပါ အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး မိသားစုလိုက် ပြန်လာခဲ့ကြသည်။

*******************
'' ပင်ပန်းနေပြီလား ငယ် ၊ ပျော်ရဲ့လား ''

'' မပင်ပန်းပါဘူး အစ်ကို၊ ပြီးတော့ အရမ်းလဲ ပျော်တယ်။ငယ့်ကို ခုလို နွေးထွေးတဲ့ မိသားစုလေးထဲ ဆွဲခေါ်ပေးလို့ အရမ်းချစ်တယ် အစ်က်ို ''

'' အစ်ကိုလဲ ငယ့်ကို အရမ်းချစ်တယ် ''

'' အစ်ကိုပြောတဲ့ ဖေငယ်နဲ့ပါးပါးက ဘယ်တော့ ပြန်လာမှာလဲဟင် ''

'' သဘက်ခါ flight နဲ့ ပြန်လာမှာ၊ ငယ့်ကို ပြောပြရအုံးမယ် ။ အစ်ကို တနှစ်ပြည့်ရင် အစိုးရဆရာဝန်ကနေ နှုတ်ထွက်ပြီး ဖေငယ်နဲ့ပါးပါးတို့ ဆေးရုံကို အုပ်ချုပ်ရမယ်။ ပရဟိတ အနေနဲ့ တလတခါ နယ်ဘက်တွေကို ဆေးအလကား သွားကုပေးကြမယ်။ငယ်က ပါရမီ ဖြည့်ပေးမယ်လား ''

'' အစ်ကို့အနားကနေ တဖဝါးမခွာ အတူရှိနေပြီး ပါရမီ ဖြည့်ပေးပါ့မယ် အစ်ကို ''

'' အစ်ကို့ ငယ်က လိမ္မာလိုက်တာ ကွာ ၊ အစ်ကိုတို့ ဖေကြီးတို့ဆီကို တပတ်နှစ်ရက် လာအိပ်မယ်။ ကျန်တဲ့ရက်က. ဖေငယ်နဲ့ပါးပါး တို့အိမ်မှာ နေကြမယ်နော်။ ခု နှစ်ဝကိလောက်ကတော့ ကိုယ် တာဝန်ကျရာမြို့ကို ငယ်လိုကိနေပေးနော် ''

'' စိတ်ချပါ... ငယ်က အစ်ကိုသွားရာနောက် အမြဲလိုက်နေမှာ ''

'' လိမ္မာလွန်းတဲ့ ငယ့်ကို ချစ်လိုက်ရတာ ကွာ ''

'' ငယ်လဲ အစ်ကို့ကို ချစ်တယ် ''

'' ခုနေ့က အစ်ကိုတို့ရဲ့ အကြို မင်္ဂလာဦးနေ့ပေါ့။ မင်္ဂလာ ဦးကြရအောင် ငယ် ''

'' အဲ့ဒါက အရမ်းနာလား အစ်ကို ''

'' ငယ့် ယောင်္ကျား ကဆရာဝန်ပါကွာ ။ ငယ် အနာသက်သာအောင် အစ်ကိုက ဆေးတိုက်မှာပေါ့ အချစ်ဆေးနဲ့အတူ ''

'' အစ်ကို နော်..... ''

တအိမ်ထဲ အတူရှ်ိစဥ်ကထဲက လက်လေးကိုင်ပြီး အနမ်းပေးရုံလောက်ဖြင့် တန်ဖိုးထား ချစ်ခဲ့ရသော ငယ့်အား ခုည သူအပြည့်အဝ ပိုင်ဆိုင်ရလေပြီ။ ညိုညက်ညက်အသားရေလေးနဲ့ ငယ်က ထညှပ်ခဲလေးလို အေးချမ်းတဲ့အလှတရားလေး ။ အနမ်းတွေကတဆင့် ရင်ခုန်သံ တွေ ထပ်တူကြစွာဖြင့် အချစ်ခရီးလမ်းကို အတူတူလျှောက်လမ်းခဲ့တယ်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now