Part 7.Z

3.4K 108 7
                                    

'' ရေးး....ကိုကြီးက 4 D. ..ကိုအဲက 5D... ဝါးး...မိုက်တယ် ကွာ...ခစ်..ခစ် ''

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း ထွက်သည်မို့  ကဲကဲတို့ မိသားစုနဲ့ ကိုကိုက မအိပ်ပဲ ကျောင်းက ဖုန်းဆက်လာသည်ကို စောင့်နေရာ...ခု ဖုန်းဆက်လာသည်။ ကိုကြီးက 4 D. ကိုအဲက 5 D. .ကဲကဲလေးက 2D ပါ၏။

ဝမ်ဝမ်းတို့ထက် ပိုပျော်နေသော အငယ်လေးကြောင့် တမိသားစုလုံး ကဲကဲလေးအား ကြည့်နေမိကြသည် ။

'' သားကဲလေးက အပျော်ဆုံး ဖြစ်နေတယ်...''

'' ခစ်..ခစ်..ဖေကြီးကလဲ...ကိုကြီးက စီးပွားရေး တတ်ချင်တာလေ..ကိုအဲက ဆေးကျောင်း...ခုဆို အမှတ်မှီဖို့ သေချာပြီရယ်...ကဲကဲလေး ပျော်လိုက်တာ.. ဟီးး ''

'' ကဲကဲကရော...စိတ်ကူးအိမ်မက်က ဘာလဲ ''

ကိုအဲ အမေးကို အားလုံးကလဲ စိတ်ပါဝင်စား စွာဖြင့် ကဲကဲလေး ဖြေလာမည်ကို နားထောင်နေလျှက်...ကဲကဲလေး ဖြေလိုက်သည့် အဖြေကြောင့် သူတို့အားလုံး ရေနွေးပူနဲ့ အပက်ခံရသလို ဖြန်းကနဲ နီသွားတော့၏။ ဘာတဲ့....

'' ကိုကို့ကို လက်ထပ်ယူဖို့...'' တဲ့ ။

ကောင်လေးရဲ့ မဟာစိတ်ကူးအိမ်မက်ကြောင့်  တော်ရုံ အမူအရာ မပျက်သော ကိုနေတောင် မျက်နှာ ဘယ်နားသွားထားရမှန်းမသိ။ ကောင်လေးကတော့ သတိမမူစွာ တခစ်ခစ်ရယ်ပြီး ဆိုဖာပေါ် ခုန်ပေါက်လိုက်၊ အန်ကယ်လေးကို ဖက်လိုက် နမ်းလိုက်နဲ့ ချွဲနေလေရဲ့။ တခြားသူတွေမှာသာ မျက်နှာကို ပူလို့။

'' ဖေ ဖေ့....ဖေကြီး....ကဲကဲလေးကို မုန့်ဖိုးပေးပါ....နေ့ခင်းကြ ဖြိုးကိုနဲ့ ရုပ်ရှင်သွားကြည့်မလို့ ''

Time တို့လင်မယားဆီ မုန့်ဖိုးတောင်းချိန် ခနသာ ကြည့်ပြီး သားနေအား လှမ်းကြည့်နေသော အလည်လေး ကဲကဲ။

'' ကဲကဲလေးနဲ့ ဖြိုးကိုလေး နှစ်ယောက်ထဲ သွားလည်မှာလား...ဖေဖေ စိတ်မချဘူး... သားကြီးတို့ နှစ်ယောက် ပါ လိုက်သွား ''

'' ဖေဖေ...သားက ဖေငယ်နဲ့ပါးပါး... ခနနေရင် လာခေါ်မှာ...''

'' ကျွန်တော် လိုက်သွားလိုက်ပါ့မယ်  ဖေဖေ...''

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now