Part 11

8.8K 587 123
                                    

'' ငတုံးလေး...မင်းမှာ ကိုယ့်ကို ပြောစရာစကားတွေ မရှိဘူးလား ''

'' .........''

Canteen မှာ ကိုစေနဲ့သူက ဘေးချင်းကပ်ခုံနှစ်ခုံတွင်ထိုင်ကာ အအေးသောက်နေရင်း ဖြိုကိုအား မေးလာခြင်း။ မနေ့က ကဲကဲနဲ့အတူ အတန်းလစ်ပြီး Bar မှာ သွားကဲလိုက်တာ မူးသွားတော့ သူ့ခံစားချက်တွေအား မူးမူးနဲ့ ကိုစေ့အား ဖွင့်ပြောလိုက်မိတာကို ဖြိုးကို မှတ်မိသည်ကြောင့် ကိုစေ ခုလို မေးလာတော့ သူ ဘာဖြေရမှန်းမသိ။ ကဲကဲကလဲ မနေ့က အရှိန်ကြောင့် ခုနေ့ ကျောင်းတရက်ပျက်သည်။ ထို့ကြောင့် ကိုစေနဲ့သူ နှစ်ယောက်ထဲ ဖြစ်နေခြင်းပင်။

ကိုစေ သူ့ဘေးနားက ခေါင်းလေ့ငုံ့ကာ သူ့ခြေထောက်လေးအား ကြည့်နေသော ငတုံးလေး ပြန်ဖြေလာမည့် အချိန်ကို စိမ်ပြေနပြေ ထိုင်စောင့်နေလိုက်တော့....မကြာမီ စကားသံ တိုးတိုးလေး ထွက်လာသော ငတုံးလေး ။

'' မနေ့က...စကားတွေကို ကျွန်တော် မှတ်မိပါတယ် ''

'' အွန်း...''

'' ဟုတ် ကိုစေ...ကျွန်တော့်ကို အားမနာပါနဲ့။ ကိုစေ သဘောမကျရင် ကျွန်တော် ဝေးဝေးနေပါ့မယ် ''

'' ငတုံးလေး...''

သူ့အား ငတုံးလေး ချင်း ထပ်အောင် ေခါ်နေသော ကိုစေကြောင့် ဖြိုးကို အခြေနေအား အကဲခတ်မရ။ အအေးဖန်ခွက်ကလေးကိုသာ သူ့လက်လေးနဲ့ ဆုပ်ကိုင်လိုက်ကာ ပိုက်လေးအား နှုတ်ခမ်းလေးနဲ့ ဖိကိုက်ပြီး အအေးဆက်သောက်နေလိုက်၏။ သူ့မှာ crush ကြီး ကိုစေနဲ့ နှစ်ယောက် ထဲ အတူ ရှိနေသည်မို​့ လူက ရင်ခုန်မြန်နေပြီး အမှားမလုပ်မိအောင် အနိုင်နိုင် ကြိုးစားနေရသည်သာ။

'' မင်း ပြောတဲ့ စကားအတွတ် တာဝန်ယူရမယ်... ငတုံးလေး ''

'' အွန်....ဘာ..ဘာပြောတာလဲ ကိုစေ ''

'' မင်း ကိုယ့်ကို ချစ်နေတာလို့ ပြောထားတယ် လေ...တသတ်လုံး ချစ်ပေးသွားဖို့ ကိုယ့်ကို တာဝန်ယူရမယ်လို့ ''

'' အဟွတ်...ဟင် ''

'' ကျစ်..အဲ့ကြောင့် ငတုံးလေးလို့ ခေါ်တာ...အဟက် ကိုယ်တို့ ချစ်သူတွေ ဖြစ်သွားပြီ ငတူံးလေး ''

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now