Part 10.Z

2.9K 102 5
                                    

ခုဆိုရင်တော့ ကဲကဲလေးမှာ ပေါ်တင်မတွဲကြသေးသော အတွဲ နှစ်ယောက် ကြား ကန်လန့်လေး ဖြစ်နေ၏။ ဖြိုးကိုနဲ့ ကဲကဲလေးက ဝါသနာပါတာရယ် သိပ်မရှိတာကြောင့် ကိုကြီးယူသည့် စီးပွားရေး မေဂျာကိုသာ လိုက်တတ်ဖြစ်လေသည်။

'' ဖြိုးကို ...ခုတချိန်ပြီးရင်... အတန်းလစ်ကြရအောင် ''

'' မင်းက ဘယ်ကို သွားချင်လို့လဲ... ''

'' လျှောက်သွားမယ်လေကွာ...ဒီကနေ တစ်နာရီလောက်မောင်းရင် ကမ်းခြေမှာ အသစ်ဖွင့်ထားတဲ့ ကမ်းခြေ Bar ရှိတယ်တဲ့.... အရမ်းမိုက်တယ် ကြားထားတယ် ''

'' ကိုစေ သိရင် ဆူခံထိနေမှာနော်...မင်းလူကြီးကလဲ ရှိသေး..''

'' အာ...မင်းကလဲ...တွေးကြောက်နေရင် ရင်မောတာပဲ အဖက်တင်မှာ...ငါတို့က uni ကျောင်းသားတွေ ဖြစ်နေပြီနော်...''

ဒီလိုနဲ့ အမောင်ကဲကဲ အဆွယ်ကောင်းမှုကြောင့် ဖြိုးကို အတန်းလစ်ဖို့ သဘောတူလိုက်တော့သည်။ နေ့တဝက်လေး ပျက်တာ မသိသာလောက်ပါဘူးနော့။ ကိုစေက ခုကထဲက ကျောင်းတတ်ရင်းနဲ့ ဦး Time ရဲ့ company လုပ်ငန်းတချို့ကို စဦးစီးနေပြီ ဖြစ်တာကြောင့် ခုလို တပတ်ကို နှစ်ရက် သုံးရက်က ကျောင်းပျက်လေ့ရှိသည်။ ကျောင်းစတတ်တာ တလကျော်ပြီမို့ ဖြိုးကိုလဲ ကိုယ့်ဘာကို လူကြီးတယောက်လို တွေးပြီး ကဲဖို့ တွေးလိုက်၏။

ကဲကဲတယောက် အတန်းပြေးတရား ဟောပြောတာ အောင်မြင်သွားတော့ ဆရာမလာခင် ဘယ်လိုကဲမလဲ အပြတ်တွေးကာ ကြည်နူးပျော်ရွှင်နေ၏။ ဆရာရောက်လာပြီး စာသင်ကာ အတန်းချိန်ပြီးသွားတော့ နှစ်ယောက်သား ဆိုင်ကယ်သော့ ကိုယ်စီ ဆွဲကာ အတန်းပြေးတော့၏။

click ဘီး ပန်းရောင်လေးနဲ့ T&S brand ပန်းရောင် တိရှပ်လေးကို ခဲရောင် အကွက်စိတ် ဘောင်းဘီအပွရှည်နဲ့ တွဲဝတ်ထသော သူမှာ ကဲကဲလေး ဖြစ်ပြီး ၊ အနက်အစင်းကြား တီရှပ်လေးနဲ့ ဂျင်းနက်အရှည်ကို တွဲဝတ်ထားကာ click ဘီး လိမ္မော်ရောင်လေးနဲ့က ဖြိုးကို ဖြစ်လေသည်။ နှစ်ယောက်သား လူရှင်းရင် ဆိုင်ကယ် ယှဉ်မောင်းလိုက်၊ စကားအော်ပြောလိုက်နဲ့ ဇောင်းထဲကမြင်း လွှတ်လိုက်သလို တတ်ကြွ ပျော်ရွှင်နေကြသည်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) حيث تعيش القصص. اكتشف الآن