Ep (72)

5.1K 576 69
                                    

sorelနေထိုင်ဖို့အတွက် ငယ်ငယ်ကမိဘတွေနှင့်အတူနေသည့်အိမ်နေရာကို တောင်းဆိုရာမှာ ဆေးရုံဆေးခန်းနှင့်လည်းဝေး မြို့နဲ့ပါအနည်းငယ်လှမ်းသောကြောင့် ခွင့်မပြုပေးချင်ကြသော်လည်း ကိုယ်ဝန်ဆောင်စိတ်ချမ်းသာစေဖို့သာအဓိကထားသောကြောင့် ခွင့်ပြုပေးခဲ့ကြသည်။ ထိုအိမ်နှင့်အနီးဆုံးဆေးရုံမှာ sorelအတွက်အထူးဖွဲ့စည်းပေးထားသည့်ပါမောက္ခအချို့ကို နေရာချပေးထားသည်။

အရေးပေါ်ကိစ္စဖြစ်ပေါ်လာပါက မြို့ပေါ်ကဆေးရုံသို့အမြန်ပို့ဆောင်နိုင်ရန် ရဟတ်ယာဉ်ငယ်တစ်စင်းလည်း အဆင်သင့်ပြင်ပေးထားသည်။ sorelကိုမြို့ထဲမှာမထားတာကလည်း မြို့ရဲ့လူနေထူထပ်မှုနှင့်အတူ ကျန်းမာရေးထိခိုက်မှာကတစ်ကြောင်း sorelကိုယ်ဝန်ရင့်လာပါက အများအမြင်မှာအထူးအဆန်းဖြစ်ပြီး အာရုံစူးစိုက်ခံရမှာစိုးသောကြောင့်ဖြစ်သည်။

ထိုကိစ္စတွေအားလုံးကို အသေးစိတ်စီစဉ်ခဲ့သူက နှစ်ယောက်မရှိသောပြိုင်ဘက်ကင်းချစ်တတ်သူကြီး ramsayဖြစ်သည်။ အသေးစိတ်ကအစ အကုန်အစီစဉ်ဆွဲပေးခဲ့သောကြောင့် ဌာနဆိုင်ရာကအကြီးအကဲတွေပင် ချီးကျူးရသည်အထိဖြစ်ခဲ့သည်။

sorelနေခဲ့ဖူးသည့်အိမ်ဘေးမှာ arloအတွက်အိမ်ဝယ်ပေးထားတာကြောင့် ထိုခြံနှစ်ခြံကိုတစ်ခြံတည်းဖြစ်အောင် ramsayကပေါင်းလိုက်သည်။ သဘာဝ၏အထိအတွေ့ကို လက်တွေ့ကျကျခံစားစေချင်တာကြောင့် ဒီနေရာကိုramsayရွေးချယ်လိုက်ခြင်းဖြစ်သည်။ မြို့ပြနှင့်ဝေးလေ ချစ်ရသူကိုရော ရင်သွေးလေးတွေကိုပါ အန္တရာယ်ကင်းစေလေဖြစ်သည်။

ramsayရွေးချယ်ခဲ့တာ မှန်သွားသည်ဟုဆိုရမည်။ အိမ်သွားရာလမ်းတစ်လျှောက် sorelပျော်နေခဲ့သည်။ မြို့နှင့်အလှမ်းဝေးသော ကျေးလက်ဒေသလေးဖြစ်လို့ ဘဲငန်းတွေရှိသည်။ ခြံတိုင်းတွင်ပန်းပွင့်တွေရှိသည်။ ကျေးလက်ဒေသ၏ မြေသင်းနံ့ကိုsorelသဘောကျနေသည်။

ဆေးတွေကွာကျပြီးအရောင်မှိုင်းနေသည့် ခြံစည်းရိုးကိုလည်းသဘောကျသည်။ ခြံကြီးထဲမှာ ပန်းခြံလည်းရှိသည်။ ခိုလေးတွေက အုပ်စုဖွဲ့အစာလိုက်ကောက်နေပြီး ခိုအိမ်လေးများလည်းရှိသည်။ မြင်းဇောင်းကြီးတစ်ခုကိုလည်း sorelလှမ်းမြင်လိုက်သေးသည်။

DestinéWhere stories live. Discover now