အရေးကြီးကိစ္စတွေဆောင်ရွက်နေရလို့ မတွေ့ရသည့်ရက်ပိုင်းလေးအတွင်းမှာsorelဗိုက်လေးက အနည်းငယ်ဖောင်းနေသည်။ ပိန်သွယ်သည့်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့် ဗိုက်ကလေးအနည်းငယ်ပူဖောင်းနေလျှင် သိသာသည်။ dimကsorelနားအပြေးလေးသွားပြီး

"မင်းဗိုက်က ဟိုတလောကထက်ပိုပြီးဖောင်းလာသလိုပဲ။ ငါမင်းဗိုက်ကိုultrasoundရိုက်ကြည့်ချင်နေပြီ ဟိုရောက်တဲ့အထိစောင့်နိုင်မယ်မထင်ဘူး"

dimကသာဗိုက်ကိုသေချာကြည့်ပြီးပြောနေပေမဲ့ sorelအာရုံကramsayကိုပြေးဖက်ဖို့ ပြင်နေသည်။ လှစ်ခနဲဆိုသလို ramsayရှိရာဆီပြေးသွားပြီး ရင်ခွင်ထဲတိုးဝင်လေတော့သည်။

"sorel မင်းခန္ဓာကိုယ်မပေါ့မပါးနဲ့ အဲ့လိုမပြေးရဘူးလေ။ ခလုတ်တိုက်ပြီးချော်လဲသွားရင်ဘယ်လိုလုပ်မလဲ။ မင်းကိုယ်မင်းသတိထားရမယ်ဆိုတာ မ.."

"ramကbabyကိုပစ်ထားတယ်"

sorel၏ခပ်ချွဲချွဲညုတုတုအသံလေးကြောင့် dimမှာနေရာတွင်ပင် ကြက်သေသေသွားရသည်။ သူပဲနားကြားမှားလေသလားလို့ ထင်သွားရသည်။ မျက်စိရှေ့မှသူငယ်ချင်းဖြစ်သူမှာ အမှန်တကယ်ကြီးကိုramsayရင်ခွင်ထဲဝင်ကာ ချွဲနေတာမြင်တော့မှ

"ramsay ငါ့မျက်စိရောနားရောကန်းသွားတာလား။ ငါ့ရှေ့ကလူကsorelဟုတ်ပါတယ်နော်။ တစ်သက်နဲ့တစ်ကိုယ်sorelချွဲတာ ပထမဆုံးမြင်ဖူးတာပဲ။ ငါတော့ဆေးခန်းသွားပြရတော့မယ်ထင်တယ်"

ပွစိပွစိပြောနေသည့်ဒေါက်တာဆိုသူကို ramsayရင်ခွင်ထဲကနေ sorelမျက်စောင်းထိုးပြီးကြည့်လိုက်သည်။

"ram အဲ့လူကစကားအရမ်းများတာပဲ။ နားငြီးတယ် နှင်ထုတ်လိုက်"

"မင်းကအခုတော့ငါ့ကိုနှင်ထုတ်ပြီပေါ့လေ။ မင်းကိုငါဆေးထိုးအပ်ကြီးကြီးနဲ့ဆေးထိုးပစ်မယ်"

ဆေးထိုးမယ်ပြောလို့ ramsay၏အင်္ကျီကော်လံစလေးကိုဆုပ်ကိုင်ပြီး မျက်နှာငယ်လေးနှင့်မော့ကြည့်ကာ သနားစဖွယ်ခေါင်းရမ်းနေသည့်sorelလေး

"babyကိုသူက စနေတာပါ။ တကယ်မလုပ်ပါဘူး။ babyကိုတကယ်လုပ်ရင် ကိုယ်ကအဲ့ဒေါက်တာကိုကိုင်ပေါက်ပေးမှာ ဟုတ်ပြီလား"

DestinéWhere stories live. Discover now