"အဟမ်း ငါချောတာသိပေမဲ့အဲ့လောက်ထိကြီးကြည့်နေတော့ငါလဲရှက်တယ်လေကွာ"

"ဟမ်"

"မင်းခုနထဲကငါ့ကိုကြည့်နေတာငါသိတယ် မင်းရှက်သွားမှာဆိုးလို့မပြောပေမဲ့ငါမနေတက်တော့လို့ပြောလိုက်ရတာ ဟဲဟဲ"

ဝါးးးဒီအမူးသမားလေးကတကယ်ကိုပဲ ငါကိုဘာဖြစ်စေချင်နေတာလဲ ငါတစ်ခုခုမလုပ်မိခင်အမြန်ထွက်မှရမယ်နောက်မို့ဆိုဒီနေရာမှာတင်မိုးလင်းသွားလိမ့်မယ် ဟူးးး

"ဒါကဘယ်လဲ"

"ဟမ်"

"ကိုယ်ထက်ကြီးတဲ့လူတစ်ယောက်ကကိုယ့်ကိုစကားပြောနေရင် ရိုရိုသေသေနဲ့နားထောင်ရမယ်ဆိုတာမသိဘူးလား"

"Nae"

"ထွက်သွားမယ်ဆိုရင်တောင်နှုတ်ဆက်သင့်တယ်လေ"

စကားကလည်းပြော လမ်းကလဲလှုပ်တုတ်လှုပ်တုတ်နဲ့လျှောက်ကာလာနေသောကျွန်တော့်ရဲ့ရှင်သန်ရာလေးကိုကျွန်တော်မှာဘာပြန်ပြောရမလဲမသိ လူသာသတ်ရဲ့တာ အချစ်နဲ့ဆိုလက်တွေပါအေးစက်စက်ဖြစ်ချင်နေတာ
ကိုယ့်ဘာသာပဲသိတယ်

အမူးလွန်နေတဲ့ကောင်လေးမှာရန်တွေ့ချင်နေတာပဲသိပြီးသူ့ခြေထောက်အောက်ကရေတွေကိုသတိမထားမိဘဲတက်နင်းကာ

"Ommaaaaa !"

"ဟေ့!

"အားးးနာလိုက်တာ ငါပေါင်တော့ပြဲသွားပြီလားမသိဘူး"

"ဟို အဆင်ပြေရဲ့လား"

"ဒီလောက်ထိဖြစ်သွားတာအဆင်ပြေရဲ့လားလို့မေးနေသေးတာလား မင်းခံ
ကြည့်ပါလား"

"ဟမ် မဟုတ်ဘူးလေ အဆင်မပြေရင်ကျွန်တော်ကူတွဲပေးမလိုပါ"

"ဘာလဲငါ့ကိုအသက်ကြီးပြီဆိုပြီးလမ်းမလျှောက်နိုင်တော့ဘူးထင်နေတာလား ငါအသက်ကအခုမှာ၂၈ပဲရှိသေးတာ သန်သန်မာမာကြီးရှိသေးတယ်ဒီမှာကြည့်"

ဒီမှာကြည့်ဆိုကာခုနကအရှိန်နဲ့ပြဲထားတဲ့ပေါင်ကိုအားပြုမတ်တပ်ရပ်ပြလိုက်တဲ့Jin ဒါပေမဲ့

"Ommaaa..."

"hyung"

Hyungလို့ခေါ်တော့မော့ကြည့်မိလိုက်တယ် ကျွန်တော်တောင်အကြည့်လွဲလို့မရအောင်ဒီဖက်ကလူသားကဆွဲဆောင်မှုရှိတဲ့မျက်နှာနဲ့စိုးရိမ်စိတ်သန်းသွားတဲ့သူ့ရဲ့အကြည့်တွေ‌ကကျွန်တော်ရင်ထဲကိုနွေးထွေးသွားစေခဲ့သည် ကျွန်တော်ကြောင်ကြည့်မိနေတဲ့အချိန်ဘယ်လောက်ကြာသွားဆိုရင်ကျွန်တော်‌ရဲ့နှုတ်ခမ်းပေါ်ကစိုစွတ်မှုကိုခံစားလိုက်ရမှအသိဝင်လာခဲ့သည် ဒါပေမဲ့ကျွန်တော်မှာငြင်းဖို့ဆန္ဒရှိမနေနဲ့အတွက်ကြောင့်သူရဲ့အနမ်းတွေ
တုန့်ပြန်နေမိသည် ကျွန်တော်ရဲ့first kissကိုကျွန်တော်မသိတဲ့ယောကျ်ားလေးတစ်ယောက်ကိုကြည်ကြည်ဖြူဖြူပေးနေမိတာဘာကြောင့်လဲဆိုတာကျွန်တော်ကိုယ်တိုင်လဲနားမလည်ခဲ့ပေ...။

~~Again~~  (Completed)Where stories live. Discover now