"အံ့သြစရာတော့သိပ်မရှိပါဘူးbossကအစောကြီးထဲကနားချင်နေတာငါတို့လဲသိတာပဲ ငါကနောက်ကျအုံးမယ်တောင်ထင်တာအခုလိုစောစောနားလိုက်တော့ပိုကောင်းတာပေါ့bossကလည်းအရွယ်ကောင်လေးရောက်နေပြီလေ သူ့ဘဝအတွက်လက်တွဲဖော်လဲရှာစေချင်တယ် ဒီတစ်ခေါက်Japanကကိစ္စပြီးရင်ငါတို့လဲဒီအလုပ်ကနားရတော့မယ်"
"အဲ့တာဆိုငါတို့ကဘာလုပ်ရမှာလဲ"
"ဘာလုပ်ရမှာလဲငါတို့bossအနားမှာနေပြီးbossလုပ်တဲ့လုပ်ငန်းကိုဝိုင်းကူလုပ်ရမှာပေါ့ ငါတို့bossကငါတို့ကိုဒီအတိုင်းပစ်ကလဲ့စမ်းမစွန့်ပစ်လောက်ပါဘူးကွ
"အေးနော်"
Bossကိုအိမ်သာထဲပို့ပြီးအတင်းပြောနေကြပါသောကိုယ်တော်ချောသုံးယောက်ဟိုကကြားရင်ငါ့ကိုအတင်းပြောတာလားဆိုပြီးအထိုးခံရမှာမြင်ယောင်သေး
......................................................
ကျွန်တော်အထဲဝင်လာတော့အရှေ့မှာလူသုံးယောက်စကားတတွတ်တွတ်ပြောနေတာကိုတွေ့ခဲ့ရသည် ကြည့်ရတာတော့အကြံအဖန်သမားတွေနဲ့တော့မတူပါဘူး အဲ့တာကြောင့်ကျွန်တော်လဲထိန်းထားရတာကြာနေတဲ့အရာကိုစွန့်လွတ်ဖို့အိမ်သာသို့သာထွက်လာခဲ့လိုက်သည်။
လက်ဆေးနေတုန်းမှန်ထဲကမြင်လိုက်ရတဲ့အရပ်လေးတစ်ခု အစကတော့သတိမထားမိပေမဲ့နဲနဲလေးယိုင်နဲနဲဖြစ်နေတော့ထိန်းပေးရမလဲဆိုတဲ့စိတ်နဲ့ကြည့်မိလိုက်တော့ လုံးဝကိုမှင်သက်သွားခဲ့တယ် ဘာလို့ဆိုကျွန်တော်ရဲ့ရှင်သန်ရာလေးကမျက်နှာလေးရဲရဲလေးနဲ့ချစ်ဖို့ကောင်းအောင်မူးနေတာပဲ ခင်ဗျားတို့ပဲစဥ်းစားကြည့်ယောကျ်ားတစ်ယောက်ကအရက်မူးတာ ချစ်ဖို့ကောင်းအောင်မူးစရာလိုလို့လား
"နည်းနည်းလောက်ဘေးဖယ်ပေးပါလား လက်ဆေးချင်လို့"
"ဟမ် အော အင်းအင်း"
ကျွန်တော်ဘာစကားတစ်ခွန်းမှထပ်မပြောမိပဲသူလေးလုပ်တာကိုအနောက်ကနေရပ်ကြည့်နေမိသည် လက်ဆေးတယ် ပြီးတော့တစ်ရှူးကိုယူတယ် အောဟော တစ်ရှူးတွေကိုယူပြီမသုတ်ပဲအိပ်ကပ်ထဲထည့်သွားတယ်ဗျာ ကျွန်တော်တော့ရူးတော့မှာပဲဒီအမူးသမားလေးနဲ့တော့
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
