"ပြီးရော"
..................................................
"Boss ဟိုဘက်လူတွေရောက်နေပါပြီ"

"အွန်း သွားကြမယ်"

ကျွန်တော်ရဲ့ရှင်သန်ရာလေးကိုငေးနေမိတာနဲ့တစ်ဖက်ကချိန်းဆိုထားတဲ့လူတွေဝင်သွားတာတောင်သတိမထားမိလိုက်ဘူး တစ်သက်နဲ့တစ်ကိုယ်ကိုယ့်ပြိုင်ဖက်ကိုသတိထားဖို့မေ့လျော့ဘူးတာမရှိတဲ့ကျွန်တော်က ကျွန်တော်ရဲ့ရှင်သန်ရာလေးကိုတွေ့တော့အကုန်လုံးမေ့လျော့နေခဲ့မိသည် ဒါပေမဲ့ကျွန်တော်တထိုင်ထဲဆုံးဖြတ်ချက်တစ်ခုတော့ချ
‌လိုက်နိုင်တယ် ကျွန်တော်ရဲ့မကောင်းတဲ့အလုပ်တွေကိုရပ်နားပြီး ကျွန်တော်ရဲ့ရှင်သန်ရာလေးနဲ့နီးစပ်အောင်ကြိုးစားတော့မယ်ဆိုတာပဲ ဒီအလုပ်ကနားချင်နေတာကြာပေမဲ့မပြတ်သားနိုင်တဲ့ကျွန်တော်စိတ်ကို ဖြူစင်တဲ့အပြုံးလေးတစ်ခုကလမ်းပြပေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ပြတ်သားရပေတော့မည်....။

"Hyungဘာတွေလိုက်ကြည့်နေတာလဲ"

"ဟမ် မဟုတ်ပါဘူးဒီတိုင်း"

"အင်း"

ဒီလူကိုမြင်ဖူးနေတယ် မဟုတ်ဘူးထူးထူးခြားခြားကိုမှတ်မိနေတာသူရဲ့စကားပြောပုံကမနက်ကနည်းနည်းအူကြောင်ကြောင်နိုင်တဲ့ထင်ရပေမဲ့အခုတွေ့လိုက်ရတော့လုံးဝကိုတည်ငြိမ်ပြီးဆွဲဆောင်မှုအပြည့်ရှိတယ်လို့ခံစားရသည် ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကိုနားမလည်ချေ ယောကျ်ားလေးချင်းပြန်ချီးမွမ်းနေမိတာတော့ဝန်ခံပါသည် ။
.............................................

အချိန်အားဖြင့်ည၁၀နာရီ ၁၀နာရီဆိုတဲ့အချိန်က Clubတစ်ခုမှာနောက်ကျနေပြီလို့ပြောရင်ရယ်စရာတော့ဖြစ်နေမည်မဟုတ်ပါလား

"Hyungပြန်ချင်ပြီလား"

"ဟမ် မဟုတ်ပါဘူးဒီတိုင်းငြောင်းလို့ပါ ငါtoilet ခဏသွားလိုက်အုံးမယ်"

"အွန်းကျွန်တော်လဲ dancing floorမှာခဏသွားကလိုက်အုံးမယ်နော် hyungပြန်လာရင်လဲလာခဲ့လေ"

"အင်း"

အင်းလိုသာပြောလိုက်တာ အဲ့လိုမျက်စိနောက်စရာတွေကိုစိတ်မပါဘူး အေးအေးချမ်းချမ်းနေချင်လို့တောင်Cafeလေးဖွင့်ပါတယ်ဆိုအခုတောင်နည်းနည်းလေးသောက်ပြီးမူမမှန်ချင်တော့တာ မျက်စိနောက်တဲ့အကတွေကြားပစ်လှဲသွားရင်ငါ့ရဲချောမောမှုလေးထိခိုက်သွားလိမ့်မယ် မဖြစ်ချေ
ငါကချောတယ်လေ အဲ့လိုတော့အဖြစ်မခံနိုင်ဘူး
............................................
"အဟမ်း ငါတို့bossဒီနေ့ပြောတဲ့စကားတွေထဲမှာငါမယုံနိုင်တာကလေ သူ့ရဲ့ဒီအလုပ်တွေကိုနားတော့မယ်လို့ပြောလိုက်တာကိုပဲ မင်းတို့ရောမအံ့သြဘူးလား"

~~Again~~  (Completed)Where stories live. Discover now