ကျွန်တော်လဲ ကျွန်တော်လူတွေထွက်သွားတော့ ထောင့်ဝိုင်းလေးမှာသွားထိုင်နေလိုက်တယ် အဝင်ဝနဲ့လဲတည့်နေအောင်ဆိုတဲ့သဘောလဲပါတာပေါ့ အဲ့တာမှာတစ်ဖက်ကချိန်းထားတဲ့လူတွေကိုတန်းမြင်ရမယ်လေ
ဟိုကောင် ဘယ်မှာထိုင်နေတာပါလိမ့်ဖုန်းဆက်ရအုံးမယ် လူမြင်ရမဲ့နေရာမှာမထိုင်ဘူးဒီကောင်တော့
"Hyung...."
"အော် အခုပဲဖုန်းခေါ်တော့မို့ လူမြင်တဲ့နေရာမှာမထိုင်ဘဲဘယ်ချောင်သွားထိုင်နေတာလဲ"
"ဟီးးtoiletခဏသွားနေလို့ပါ နေရာတောင်မရွေးရသေးဘူး"
"အဲ့တာဆိုလဲ ဒီနားမှာပဲထိုင် Ommaကနောက်မကျစေနဲ့လိုမှာလိုက်သေးတယ်"
"Hyungက ကလေးလား လူပျိုကြီးတောင်ဖြစ်နေပြီ မိန်းမယူရင်တောင်ကလေးနှစ်ယောက်လောက်ထွက်နေပြီ အခုထိအိမ်ကြောက်နေသေးတာလား"
"အော် လူပျိုးကြီးလို့ပြောလိုက်တာလား ငါကမထားချင်သေးလို့ ထားချင်ရင်မင်းပြောသလိုကလေးနှစ်ယောက်မဟုတ်ဘူးတစ်ဒါဇင်လောက်မွေးပြီးပြီ "
"Hyungကလည်းစတာကိုစိတ်လေးလျော့ပါအုံး ဒီညီလေးတစ်ယောက်ထဲရှိတာကို ဟဲဟဲ"
"ဟဲဟဲ လုပ်မနေနဲ့ မြန်မြန်မှာ မြန်မြန်သောက်ပြီး အလုပ်ကိစ္စမြန်မြန်ပြော"
"Hyung...!"
"Omma ! Ya !ဘာထဖြစ်တာလဲ"
"Hyungလုပ်ပုံကိုလည်းကြည့်အုံးလေ ဘယ်အလုပ်ကိစ္စကမြန်မြန်ပြောလို့ရလို့လဲ ဘယ်အရက်ကရောရေသောက်သလိုအမြန်သောက်လို့ရမှာလဲ တစ်ရက်လောက်တော့အချိန်ပေးပါအုံးကျွန်တော်ကိုလဲ hyungမရှိတဲ့အချိန်ကျွန်တော်မှာအလုပ်တွေကိုအသေအကြေလုပ်ပေးနေရတာလေ ဒီလောက်လေးတော့အချိန်ပေးပါအုံးလား"
"ဟုတ်ပါပြီကွာ hyungမှားသွားပါတယ်ဒီတိုင်းပြောလိုက်တာပါ အေးဆေးလုပ်ရတယ် Ommaကိုကြိုပြောထားတယ် ဒီနေ့အပြန်နောက်ကျမယ်အိပ်နှင့်
မစောင့်နဲ့လို့တောင်သေချာမှာခဲ့သေတယ် ဟဲဟဲ"
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
