"သား Jinမပြီးသေးဘူးလား တော်တော်ကြာနေပြီနော် နောက်မှနောက်ကျလို့ဆိုပြီး
ပွစိပွစိမလုပ်နဲ့ "
"လာပါပြီOmmaရယ် နည်းနည်းပါးပါးလည်းပြင်ဆင်ရအုံးမှာပေါ့"
"ပြင်လည်းကြိုက်မဲ့သူရှိလို့လား"
"ရှိတာပေါ့ Ommaရဲ့ဘယ်လိုတောင်မေးလိုက်တာလဲ မလိုချင်လို့ပါနော် သားကသားလောက်ချောတဲ့လူတွေ့မှာထားမှာ"
"အဲ့လိုနဲ့လူပျိုကြီးဖြစ်တော့မှာမဟုတ်လား"
"လူပျိုကြီးဖြစ်တော့ဘာဖြစ်လဲ Ommaနဲ့တစ်သက်လုံးနေလို့ရတာပေါ့"
အစ်မကြီ Kimကိုဖက်ကချွဲစိန်လုပ်နေတဲ့ ၂၈အရွယ်အစ်ကိုကြီးပါလေ
"Ommaသားသွားတော့မယ်နော်"
ဖိနပ်ကြိုးချည်ကအစ်မကြီးKimကိုလှမ်းအော်ပြောနေတဲ့Jin
"ဂရုစိုက်သွားအုံး ပြီးတော့ကုမ္ပဏီကိုသွားလိုက်အုံး မင်းကိုခေါ်နေတာကြာပြီမလာလို့တဲ့ ဟိုကပွစိပွစိနဲ့ဖုန်းလှမ်းဆက်နေတယ် ဖုန်းလည်းချပစ်တယ်ဆို"
"ဟဲဟဲ သားမနက်ဖြန်သွားလိုက်ပါ့မယ် ဒါမှမဟုတ်လည်းညနေဝင်သွားလိုက်ပါ့မယ် စိတ်မပူနဲ့"
"အေးပါ မင်းတို့ညီအစ်ကိုနှစ်ယောက်နဲ့ငါတော့ရူးချင်တယ်"
"မရူးပါနဲ့အုံးOmmaရယ်မြေးလေးတွေချီရအုံးမယ်လေ"
"ဘာကိုမြေးလေးတွေချီရမှာလဲ အရင်ပဲရည်းစားရအောင်လုပ်ပါအုံး"
"Ommaကလည်း ကြည့်လိုက် သားအသက်၃၀မပြည့်ခင်ရည်းစားတစ်ယောက်ရအောင်ရှာပြမယ် အခုတော့
သွားတော့မယ်"
"အေးအေးစောင့်ကြည့်ရသေးပေါ့ ဂရုစိုက်သွားအုံး"
"Nae.."
အစ်မကြီးKimက ဒီရည်းစားမရှိသေးတာပဲခလုတ်လာလာတိုက်နေတယ် ကြည့်နေထားပြအုံးမယ် ရည်းစားမဟုတ်ပဲချစ်သူထားပြမယ် အခုတော့အလုပ်သွားရအုံးမယ် ဟူးးငါလေးဒီလောက်ချောတာကို တစ်ယောက်မှလာမကြိုက်ကြဘူးလား...
အမှန်မှန်တော့သူဘေးနားမှာကောင်မလေးတွေသာမက ကောင်လေးတွေပါဝိုင်းနေတာကိုဒီအစ်ကိုကြီးသတိမထားမိချေ...
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
