"ရပါတယ်ကျွန်တော်ဘာသာပဲပြန်လိုက် အဲ့အစားဖုန်းဆက်ရင်ဖုန်းကိုင်ပါKimအစ်ကိုကြီး"

"အေးပါကွာ"

"Okay bye bye"

"Bye bye"

ညီအစ်ကိုနှစ်ယောက်နှုတ်ဆက်လမ်းခွဲကအိမ်သို့ကိုယ်စီပြန်ခဲ့ကြသည်။အိမ်ရောက်တော့Ommaကအိပ်နေပြီထင်တယ် တိတ်ဆိတ်နေတာနဲ့ပဲအခန်းထဲပဲတန်းဝင်ပြီး ကုတင်ပေါ်ပြစ်လှဲချကာအိပ်စက်အနားယူမည်လုပ်တော့ ခုနကအဖြစ်ပျက်ကြီးကမျက်လုံးထဲကမထွက် ဘာလဲကွာ မောင်တဲ့ ဟားးးရူးနေတာလားသူက မောင်ရဲ့ရှင်သန်ရာလေး ဝါးးးငါကသူရဲ့ရှင်သန်ရာဆိုတာတကယ်ပဲလား မသိတော့ဘူးဒီအကြောင်းတွေမတွေးချင်တော့ဘူး အိပ်မှရမယ်jinလေး အိပ်လိုက်တော့ ခလောခလော မောင့်ရဲ့ရှင်သန်ရာလေး Ya!

ညကKimအစ်ကိုကြီးကောင်းကောင်းအိပ်ခဲ့ရလားဆိုတာမနက်ဖြန်မနက်ရောက်ရင်တော့သိရလိမ့်မည်။
..............................................
"သား jin အဆင်ပြေရဲ့လား"

"Nae ommaဘာလို့လဲ"

"သားရဲ့မျက်ကွင်းတွေကပန်ဒါလိုမျိုးဖြစ်နေလို့လေ အဆင်ပြေတာသေချာရဲ့လား"

"Nae သားအဆင်ပြေပါတယ် ညကအိပ်တာနောက်ကျသွားလို့ပါ"

"ဒီနေ့တစ်ရက်တော့နားလိုက်ပါလား"

"ရပါတယ်Ommaအလုပ်ကလဲအဲ့လောက်မပင်ပန်းပါဘူး ဟဲဟဲ"

"သားအဆင်ပြေရင်ပြီးတာပါပဲ"

"Naeသားသွားတော့မယ်နော်"

"ဂရုစိုက်သွား အဆင်မပြေရင်ပြန်လှည့်ခဲ့နော်"

"Nae..."

ခက်တော့တာပဲဒီကလေးနဲ့တော့ ဘာတွေဒီလောက်အရေးကြီးနေလို့အိပ်တာနောက်ကျရတာလဲ မဟုတ်မှ ရည်းစားတွေဘာတွေများရနေတာလား မဖြစ်နိုင်တာဒီအဖွားကြီးအတွေးလွန်နေတာပဲ ကိုယ့်သားကြောင်းကိုယ်သိတာပေါ့ လူပျိုကြီးပဲဖြစ်မှာပါ
...........................................
ခက်တော့ခက်နေပါပြီ ဘာရယ်မဟုတ်ဘူး သူပြောခဲ့တဲ့သုံးရက်နေရင်ပြန်လာရှာမယ်လို့ပြောသွားတာလေးကို စိတ်ထဲမှာယုံကြည့်ပြီစောင့်နေခဲ့တာဒီနေ့နဲ့ဆိုသူပြောခဲ့တဲ့သုံးရက်မြောက်နေ့သို့ရောက်လာခဲ့ပြီ ဒါပေမဲ့သူနဲ့တူတဲ့လူတစ်ယောက်ကိုတောင်မတွေ့ရချေ လိုက်သွားပြီးရှာရအောင်လဲနေရာလဲမသိ ph no.လဲမသိ အဆိုးဆုံးကနာမည်တောင်မသိတဲ့လူတစ်ယောက်ကိုယုံကြည့်ပြီးစောင့်နေမိတဲ့ ကိုယ့်ကိုကိုယ်တောင်အံ့သြမိသည် ဒါဟာအချစ်လားသူ့အပေါ်တခဏတာစိတ်ယိုင်သွားတာလားဆိုတာသေချာမသိပေမဲ့လို့ သူ့အကြောင်းလေးစဥ်းစားမိရုံနဲ့ရင်ထဲနွေးထွေးသွားမှုကိုခံစားမိသည် ဟူးးးတစ်ခါတစ်လေတော့လည်းအချစ်ဆိုတာစောင့်မျှော်ချင်းပါလား.....

~~Again~~  (Completed)Where stories live. Discover now