Hyungရဲ့နှုတ်ခမ်းကနမ်းလေနမ်းလေပိုလိုချင်လာလေဖြစ်နေတဲ့ကျွန်တော်ဆန္ဒတွေကို ထိန်းချုပ်ဖို့ပြင်လိုက်တော့မနမ်းတက်နမ်းတက်နဲ့ပြန်နမ်းနေတဲ့Hyungရဲ့အနမ်းတွေကကျွန်တော့်ကိုရူးသွပ်စေတယ် ကျွန်တော်ရဲ့စိတ်ကိုလွှတ်ချပြီးအနမ်းတွေပြန်ဆက်လိုက်တာဘယ်လောက်ထိကြာသွားလဲသေချာမမှတ်မိပေ ကျွန်တော်ရင်ဘတ်ကိုလက်သီးဆုတ်လေးနဲ့လာထုမှအသိပြန်ကပ်ပြီးလွှတ်ပေးလိုက်တော့Hyungက အသက်တောင်လုရှူနေရသည်။
"တောင်း တောင်းပန်ပါတယ် "
"ဘာအတွက်လဲ"
"အခုဖြစ်ပျက်သွားတဲ့အရာတွေအကုန်လုံးအတွက်ပါ ပြီးတော့ကျွန်တော်ကhyungရဲ့တစ်ဘဝလုံးစာအတွက်တာဝန်ယူမှာပါ"
"နမ်း နမ်းတာလေးအတွက်နဲ့တော့တာဝန်ယူစရာအထိမလိုပါဘူး ငါလဲယောကျ်ားလေးဆိုတော့ ဘာမှ...."
"ရှူးးးးးဆက်မပြောနဲ့တော့ မောင်ကအခုကိစ္စအားလုံးအတွက်တာဝန်အပြည့်ယူပေးမှာမို့လို့ မောင်ပြန်လာတဲ့အချိန်ထိစောင့်ပေးနော် မောင်မနက်ဖြန်Japanကိုအလုပ်ကိစ္စအပြီးသတ်စရာရှိလို့သွားရမယ် သုံးရက်လောက်ကြာမယ် ပြန်ရောက်တာနဲ့မောင်ကလာရှာမှာမို့လို့ စောင့်နေပေးနော် ချစ်တယ်မောင့်ရဲ့ရှင်သန်ရာလေး...."
ခဏ ငါကယောကျ်ားလေးတစ်ယောက်နဲ့နမ်းပြီးအဲ့ဒီယောကျ်ားလေးတစ်ယောက်ကငါ့ဘဝကြီးကိုတာဝန်ယူပေးမယ်ပြောသွားတာကို ငါကအခုပျော်နေမိတာလား နာမည်လဲမသိ ဘာအလုပ်လုပ်လဲမသိရတာလူတစ်ယောက်ကိုငါ့ကယုံကြည်နေမိတာလား ဟားးးkim seokjin မင်းတော့ရူးသွားပြီ....
"Hyungကြာလိုက်တာ ကျွန်တော်အခုပဲလိုက်လာတော့မို့ အဆင်ပြေရဲ့လားမျက်နှာကနီရဲနေတာပဲ ပြန်ကြမလားhyung"
အင်း hyungပြန်နှင့်မယ်မင်းနေချင်နေခဲ့လေ
ကျွန်တော်လဲပြန်တော့မယ် ၁၁နာရီတောင်ကျော်နေပြီဆိုတော့မနက်အစည်းဝေးရှိတော့စောစောပြန်နားမှရမယ်
ဟမ် ၁၁နာရီတောင်ရှိပြီလား
အင်းလေ ဘာလို့လဲ
"ဘာမှမဖြစ်ဘူး သွားကြမယ်ကားမောင်းလို့ရသေးရဲ့လား ပြန်လိုက်ပို့ရမလား"
YOU ARE READING
~~Again~~ (Completed)
FanfictionUnicode တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျိုးကအကြောင်းကြောင်းကြောင့်မတည်နိုင်ဘဲဝေးသွားကြတာတွေလဲတွေ့ဖူးခဲ့သည် ဒါဆိုသူ့ရဲ့ကတိကရော.... Zawgyi တချို့စကားလုံးတွေ တချို့ကတိတွေကတည်နိုင်ခဲ့တဲ့လူတွေရှိသလို တစ်ချို့ကတိမျ...
~~Again~~
Start from the beginning
