နမ်​ဂျွန်း ​ချော့တာကိုခံချင်​သည်​။ဝမ်းနည်းလွန်း၍ဖြစ်​သည်​။

"အရိုက်​ခံထားရတယ်​ဆို လာခဲ့ ​ဆေးထည့်​မယ်​.."

လက်​​ကောက်​ဝတ်​အား နမ်​ဂျွန်းဆုပ်​ကိုင်​လာ​သော်​​လည်း ​ဆော့ဂျင်​မလှုပ်​ရှား​သေးဘဲ ရင်​ခွင်​အတွင်းတွင်​အီ​နေဆဲဖြစ်​သည်​။ခြေသလုံးရှိအချိုးရာများနှင့်​ ဒဏ်​ရာများသည်​ ညအိပ်​ဝတ်​စုံဝတ်​ထား​သော​ကြောင့်​ ဖုံးကွယ်​ခံထားရသည်​။

"ကျစ်​ ! မင်းဆံပင်​​တွေကွာ ​ရေ​တွေနဲ့ အသိစိတ်​ဆိုတာမင်းမှာမရှိ​တော့ဘူးလား.."

"မ မဆူပါနဲ့"

နမ်​ဂျွန်း၏တင်းမာလှ​သောအသံခပ်​သြသြ​ကြောင့်​ ​​ဆော့ဂျင်​ထပ်​မံရှိုက်​မိပြီး ဒူးများအားမရှိစွာနမ်​ဂျွန်းအ​ပေါ်သို့ယိုင်​ကျသည်​။နမ်​ဂျွန်းထံမှသက်​ပြင်းချသံ​ငွေ့​ငွေ့ကိုကြားလိုက်​ရသည်​။ထို့​နောက်​ လက်​​မောင်းအားဆုပ်​ကိုင်​ခံလိုက်​ရပြီး​နောက်​ ​ဆော့ဂျင်​​လေ​ပေါ်သို့​ဆွေ့ခနဲ​မြောက်​သွားသည်​။

"နမ်​ နမ်​ဂျွန်း.."

လန့်​ဖြန့်​ပြီးနမ်​ဂျွန်း၏ဂုတ်​အ​နောက်​သို့ ​ဆော့ဂျင်​တင်းကြပ်​စွာဖက်​တွယ်​မိသွားသည်​။သူ့အားဒူး​အောက်​မှ​ဆွေ့ခနဲ​ပွေ့ချီလိုက်​​သော နမ်​ဂျွန်း၏​မေးရိုးများတည်​တင်း​နေတာကို ​ဆော့ဂျင်​မြင်​ရသည်​။ရင်​ထဲတွင်​တလှပ်​လှပ်​နှင့်​ ငို​နေရာမှ​တောင်​ ​ဆော့ဂျင်​ရပ်​တန့်​မိသွားသည်​။

ကုတင်​အ​ပေါ်သို့​ရောက်​သွားချိန်​တွင်​ နမ်​ဂျွန်းသည်​အခန်းအတွင်း​ဆေး​သေတ္တာကိုလှည့်​ပတ်​ရှာ​နေသည်​။ဆော့ဂျင်​ဒူးနှစ်​ဖက်​အား​ကွေးကျုံ့လျက်​ထိုင်​​နေရင်း နမ်​ဂျွန်းလှုပ်​ရှားသမျှအား အရည်​​ဝေ့​သောမျက်​လုံးများဖြင့်​လိုက်​ကြည့်​သည်​။

အမအတွက်​သူဝယ်​လာ​သောကလစ်​အထုတ်​အား နမ်​ဂျွန်း​တွေ့သွားတာထင်​သည်​။ဆော့ဂျင်​အကြည့်​လွှဲမိချိန်​တွင်​ နမ်​ဂျွန်းသည်​​ဆေး​သေတ္တာအားယူလျက်​ကုတင်​အ​ပေါ်သို့တက်​ထိုင်​လာသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now