" ငါအဓိက ပြောချင်တာက မင်းကအခုထိ ဘွဲ့မရသေးဘူးလေ။ ပြီးတော့ ဘယ်လိုတွေပဲ ဖြစ်လာပါစေ မင်းအတန်းချိန် တစ်ဝက်ကတော့ တက်ရအုံးမယ်မလား။ ဒါကြောင့် မင်း မွေးချင်တယ်ဆိုရင် ကျန်တဲ့ကိစ္စတွေကို ရှင်းရှင်း လင်းလင်း ဖြစ်အောင် လုပ်ထားသင့်တယ်''

" ဒါက ပြဿနာ တစ်ခုတော့ မဟုတ် ပါဘူး ။ ''

ကျန်းရှုက ခက်ခက်ခဲခဲ နဲ့ ထုတ်ပြောလေတယ်။

" အဲ့အချိန်ဆို ဆောင်းဦးရာသီ ဖြစ်လို့ ပတ်ဝန်းကျင်က အေးစိမ့်နေပြီလေ။ အပေါ်ကနေ ဂျက်ကတ်ဝတ်ထား ပြီးတော့ ဒါကို ဖုံးထားလို့ရပါတယ်။ ''

ရှောင်းဝမ်က စကား တစ်ခွန်း တောင်မပြောတော့ပေ။ ဘာလို့လဲ ဆိုတော့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ပြဿနာက ဒါတစ်ခုတည်းတင်မဟုတ်ပေ။ ကလေးရဲ့ ကျန်းမာရေး ကိစ္စ ၊ အပြင် ကျန်းရှုရဲ့ ကိုယ်က ကိုယ်ဝန်ဆောင် ဖို့မသင့်တော်တာမျိုး အစရှိတဲ့ ပြဿနာတွေပေါ့ ။ ဒါက အရင်ဆုံး စစ်ဆေးကြည့်ဖို့နောက်တော့ မကျသေးပေ။

HCG ရလဒ်က အမြန်ပဲ ထွက်လာခဲ့တယ်။ ရလဒ်ကတော့ ကျန်းရှု ကိုယ်တိုင် စစ်ဆေးခဲ့သလိုပဲ။ ရှောင်းဝမ်က ရလဒ်ကိုကြည့်ပြီးပြောတယ်။

" ကလေးက တစ်လကျော်နေပြီပဲ။ ''

ကျန်းရှုက ချက်ချင်း ပဲ မျက်မှောင်ကြုတ် မိတယ်။ ဒါက သူနဲ့ ရှုပေါ်စု တို့ အတူတူစနေတဲ့ ပထမအကြိမ်မဟုတ်ဘူးလား။ ရှောင်းဝမ်က ဆက်ပြောတယ်။

" ဒီနေ့ကစပြီး ကိုယ်ဝန်ကို အရင်ဆုံး စစ်ဆေးကြည့်ကြတာပေါ့''

ကျန်းရှုကတော့ ဒါတွေကို သိတဲ့အတွက် ခေါင်း ကိုငြိမ့်ပြ လိုက်တယ်။

" အိုကေ''

ပြီးတော့ သူကြောင်အနေရင်း နဲ့ပဲ စစ်ဆေးမှုက ပြီးသွားလေတယ်။ အခုက နေ့လည်ခင်း အချိန်ကို ရောက်နေပြီ ပဲ ဖြစ်တယ်။ ကျန်းရှုက မနက်စောစော စားသောက် ပြီး ထွက်လာတာကြောင့် အခုတော့ အစာအိမ်က အော်သံတွေ ပေးနေခဲ့ပါပြီ။

ထမင်းစားဖို့ အတူဖိတ်ခေါ်တဲ့ ရှောင်းဝမ်ရဲ့ ကြင်နာမှုကိုငြင်းပယ်ကာ အပြင်မှာတစ်ခုခု ထွက်စားဖို့ ထွက်လာလိုက်တယ်။ သူက ဖုန်းကို ပေးချေဖို့ ဖွင့်လိုက်တဲ့ အခါမှာတော့ ရှုပေါ်စု ဆီကနေ ပို့ထားတဲ့ မက်ဆေ့ချ်တွေ အများကြီးကို တွေ့လိုက်တယ် ။ ဒါကတွေက သူ့ကို အိပ်ယာကနေ ထပြီးတော့ အစားစားဖို့ ပြောထားတဲ့ ဟာတွေပဲ ဖြစ်တယ်။

ဘယ်လိုတောင် အမေအိုကြီး ဆန်တာလဲ။ ကျန်းရှုက ဘာမှမစဥ်းစားပဲ တွေးလိုက် တယ်။ ဒါပေမယ့် အမှန်တရားကိုတော့ သူသိပါတယ်။ ရှုပေါ်စုက အရမ်းကောင်း တယ်ဆိုတာရယ် ။ သူ့လိုလူမျိူး နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မရှာတွေ့နိုင်တော့ဘူး ဆိုတာကိုရောပေါ့။

ကျန်းရှုက သူ့လက်ထဲက အိတ်ကို ကြည့်လိုက်တယ်။ ထိုထဲမှာ အစောက ဆေးစစ်ထားတဲ့ ရလဒ််တွေပါလေတယ်။ရှောင်းဝမ် ကတော့ သူ့ကို သေသေချာချာ လေး တွေးဖို့ပြောထားတယ်။ ပြီးတော့ ကိုယ်ဝန်တည်ငြိမ်တဲ့ အချိန် ၃လ ကျော်မရောက်သေးခင်အထိ ကိုယ်ဝန်ဖျတ်ချလို့ ရတယ်လို့ပြောတယ်။

ကျန်းရှုက မနေ့တုံးကလို ပဲ အိမ်ကို တိတ်တိတ်လေး ပြန်လာပြီးတော့ ရလဒ်တွေကို ဖွက်ထား လိုက်တယ်။ သူက ဖွက်ထား ပေမယ့် လုံခြုံတယ်လို့ မခံစားရသေးဘူး။ မသိလိုက် မသိဘာသာပဲ နေ့လည်ခင်း က အချိန်ကုန် သွားတယ်။

အခုချိန် က ရှုပေါ်စု အလုပ်ကနေ ပြန်လာမယ့် အချိန်ဖြစ်တယ်။ တစ်ဖက်လူက အိမ်ကိုပြန်လာတာလည်း ကြားရော သူ့ရဲ့နှလုံးသား လေးက တုန်ခါမှုတွေ ပြင်းထန် လာတယ်။

ရှုပေါ်စု က ခါတိုင်း လိုပဲ အိမ်ကို

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now