🍷2 (Unicode+Zawgyi)

1.1K 91 0
                                    

- Unicode -
“အဲ့တော့ အဲ့ညက မိန်းကလေးတစ်ယောက်မူးနေတာကို အခွင့်ကောင်းယူခဲ့တယ်ပေါ့ တကယ်မကောင်းတဲ့လူပဲ”
သူ့ hoodieကြီး ကိုယ့်ကိုလာ၀တ်ပေးထားတာမို့ hoodieထဲ လူကမြုပ်နေကာ ကုတင်ပေါ်ထိုင်နေရင်းက shirt အင်္ကျီကို ကြယ်သီးစုံအောင်မတပ်ထားတဲ့ သူ့ကို ရန်လှမ်းတွေ့လိုက်သည်။
“ဟာ ကိုယ်တကယ်ကို သဘောကျသွားခဲ့လို့ လို့ပြောသားပဲ။ ထွက်ပြေးသွားလို့ လိုက်ရှာခဲ့တာတောင်မတွေ့ဘူးလေ နောက်ဆုံး Canadaကိုအလုပ်ကိစ္စနဲ့ပြန်သွားခါမှ Koreaက၀ယ်လိုက်တဲ့ဆိုင်ရဲ့ ၀န်ထမ်းစာရင်းထဲမင်းကိုတွေ့လို့ အမြန်ပြန်လာခဲ့တာလေ မင်းကဖြင့်မှတ်တောင်မမှတ်မိဘဲ”
“မူးနေတာကို.....။ဒါနဲ့ အခု ကျမတို့ကဘာလဲ ဒီတိုင်းအခုလို ဆက်ဆံရေးကြီးက မဟုတ်သေးဘူး...”
“ဒီတိုင်းအခုလို ဆက်ဆံရေးဆိုတာဘယ်လိုဟာကိုပြောတာလဲ”
“Kim Tae Hyung shii !!!”
သိရဲ့သားနဲ့ မထုံတက်ထေးလုပ်ကာ ပြန်မေးနေတာမို့ အော်ပစ်လိုက်တော့ ရီသည်။ ပြီးနောက် အခန်းထဲကနေ ထွက်သွားတာမို့ သူ့နောက်ကနေပြေးလိုက်,လိုက်တယ်။ သူက မီးဖိုခန်းကို ဦးတည်သွားကာ…
“Hot Choco ကြိုက်လား။ Coffeeတော့ ကိုယ်ကမကြိုက်လို့မရှိဘူး”
ခွက်အဖြူလေးနှစ်ခွက်ကို စင်ပေါ်ကနေယူလိုက်ပြီးမေးလာတော့ ခေါင်းညိမ့်ပြလိုက်သည်။ တကယ်က ကိုယ့်စိတ်ထဲ coffee တွေ Hot choco တွေကအရေးကြီးမနေဘူး။ သူနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးကြီးက ဒီတိုင်းဆိုကိုယ်အဆင်မပြေဘူး သူ့ဆိုင်မှာဘယ်လိုမျက်နှာနဲ့ အလုပ်ဆက်လုပ်ရမလဲ,လဲတကယ်မသိဘူး။
သူက hot choco ကိုခွက်နှစ်ခွက်ထဲသေချာဖျော်ကာ kitchen counter ပေါ်မှာတင်ထားပြီး ကိုယ့်ဘက်ကိုလှည့်လာသည်။ ပြီးတော့ မပြောမဆို စားပွဲပေါ်ကိုချီတင်လိုက်ပြန်သည်။ တကယ်ပါပဲ လူကိုသူ့အရုပ်လေးလိုပဲ။ ပြီးတော့ kitchen counterအောက်က ဘီဒိုထဲက တစ်စုံတစ်ခုကို ထုတ်ယူနေပြီး
ပြန်လှည့်လာတော့ ကိုယ့်ခြေထောက်ရှေ့မှာ ထိုင်ချလိုက်သည်။
ဟဲ့ ရုတ်တရက်ကြီး။ လန့်သွားလို့ ခြေထောက်ကို ရုတ်ဖို့လုပ်တဲ့အခါ သူက ခြေထောက်ကို ပြန်ဆွဲထားပြီး အိမ်ထဲစီးတဲ့ slippersလေးကို ခြေထောက်မှာသေချာစီးပေးတယ်။ ရင်ထဲ တသိမ့်သိမ့်ပါပဲ။ အခုထိ သူ့အပေါ် အချစ်ဆိုတာ၊ ဘာဆိုတာတွေ ဘာမှအတည်မပြုရသေးတဲ့ အခြေအနေမှာ ဒီလိုနွေးထွေးမှူတွေက တကယ်ကို ရင်ထဲနွေးထွေးပြီးရင်ခုန်စေတာ။
ဖိနပ်စီးပေးပြီးတော့ မတ်တပ်ရပ်ပြီး အနားကိုကပ်လာပြန်သည်။ ထိုင်နေတဲ့ဘေးတစ်ဖက်တစ်ချက်စီကို သူ့လက်တွေထောက်လိုက်တော့ လူက သူ့ရင်ခွင်ထဲရောက်သွားရပြန်သည်။ တဆက်တည်းသူ့မျက်နှာကပါ အနားနားတဖြည်းဖြည်းတိုးကပ်လာကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အနမ်းတို့ကို စတင်လာပြန်သည်။
ဒီမှာလျှို့ဝှက်ချက်ကိုပြောပြရရင် သူကိုယ့်ကို နမ်းဖို့ကြိုးစားလာတိုင်း ကိုယ်မငြင်းနိုင်ခဲ့တာပဲ။
သူကကိုယ့်ခါးကိုပွေ့ထားရင်း၊ ကိုယ်က သူ့လည်တိုင်ကို သိုင်းဖက်ထားရင်း သိပ်သိပ်သည်းသည်းအနမ်းတို့ကို ပုံဖော်နေမိသည်။
“တီ~ တီ~”
အိမ်ရှေ့လူခေါ် bellက မြည်လာတာမို့ အနမ်းတွေကို အဆုံးသတ်ဖို့ကြိုးစားတဲ့အခါ သူကနှုတ်ခမ်းတွေကို အလွတ်မပေးပဲ ကိုယ့်ခေါင်းကိုနောက်ကနေထိန်းကိုင်ကာ အနမ်းတွေကိုအတင်းရှေ့ဆက်ပြန်သည်။မဟုတ်သေးပါဘူး ဒီလိုကနေ ထပ်ပြီး....။
“တီ~ တီ~”
အဆက်မပျက်မြည်နေတဲ့ လူခေါ် bellကလည်း မဖွင့်မခြင်း ထိုင်နှိပ်နေမယ့်ပုံ။ သူကလည်း သွားဖွင့်ဖို့ လုံး၀တွေးထားပုံမရှိ။
တတိယ အကြိမ်မြည်လာတဲ့အချိန်မှာတော့ ကြယ်သီးသေချာမတပ်ထားလို့ ဟပြဲဖြစ်နေတဲ့ သူ့ရင်ဘတ်ကြီးကို လက်နဲ့ သုံးချက်လောက်ဆင့်ရိုက်ပလိုက်သည်။ တံခါးဖွင့်ဖို့ရော၊ ကိုယ်အသက်ရှုဖို့ကော တကယ်လိုနေပြီ။
နှုတ်ခမ်းတွေဖယ်ခွာသွားပေမယ့် မလွှတ်ချင်ပဲ လွှတ်ပေးရတယ်ဆိုတာကို သွယ်သွယ်တန်းတန်းမျက်ခုံးနှစ်ဖက်ကို ကျုံ့၍ဖော်ပြသည်။
အပြင်က bell တီးနေတာ ဘယ်သူလဲမသိပေမယ့် ဒီအခြေအနေကြီးမှာ ရောက်လာတဲ့ ဧည့်သည်ကတော့ တကယ့်ကို မသက်မသာဖြစ်မှာပဲ။ သူ့နှုတ်ခမ်းတွေဟာ နီရဲယောင်နေပြီး ကိုယ့်ရဲ့ နှုတ်ခမ်းဖူးပြည့်ပြည့်တွေကလည်း သူ့အတိုင်းပင်။
“ပြန်လာခဲ့မယ်…” စူပုတ်ပုတ်နဲ့ပြောကာ အိမ်ရှေ့ကိုထွက်သွားတဲ့ သူ့ကိုကြည့်ရင် ကိုယ်ရီလိုက်မိသည်။ ချစ်စရာပဲ။

𝙾𝚗𝚎 𝙽𝚒𝚐𝚑𝚝 𝚆𝚒𝚝𝚑 𝚝𝚑𝚅 🍷Where stories live. Discover now