🍷1(Unicode+ Zawgyi)

1.9K 109 1
                                    

- Unicode -

မီးရောင်စုံနဲ့ ဆူဆူညံညံတေးသံတွေကြား
လူတွေဟာပျော်ရွှင်အသားကျစွာ စီး‌မျောကခုန်လျက်ရှိသည်။
Bar counter မှာတစ်ယောက်ထဲထိုင်ရင်း တခါမှမသောက်ဖူးတဲ့ အပြင်းတွေကို မြိုချနေမိသည်။
စောက်ရေးမပါတာတွေ။ ငါ့ကိုထားပြီး နိုင်ငံခြားကို ထွက်သွားခဲ့တယ်ပေါ့။ စာတစ်ကြောင်း messageတစ်စောင်နဲ့ထားခဲ့တယ်ပေါ့။ ဟက်ရီရတယ် ငါကတော့ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေနဲ့ အဲ့ခွေးကောင်ရဲ့ သင်တန်းကြေးအထိထောက်ပံ့ပေးခဲ့ရတာ။
လောလောလတ်လတ်ပြတ်စဲခဲ့ပြီး နိုင်ငံခြားကိုထွက်သွားတဲ့ ရည်းစားဟောင်းခွေးကောင်မျက်နှာကိုမြင်ယောင်ကာ Alcoholတွေကိုသာဇွတ်မှိတ်မြိုချပစ်လိုက်သည်။
သုံးခွက်မြောက်မှာတော့ မျက်စိထဲမြင်သမျှဟာ လူလား သရဲလား မကွဲတော့ အရာရာဟာတူတူလိုပဲ။ ကမ္ဘာကြီးကလည်နေတာလား ငါကလည်နေတာလား။ ဘာပဲဖြစ်ဖြစ်ပြန်ရမယ် အိမ်တော့ ရောက်အောင်ပြန်ရမယ်။
အားယူပြီး ခုံပေါ်ကနေထရပ်လိုက်စဉ် ပုခုံးပေါ်ကို ရုတ်တရက်ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် လူက ခုံပေါ်ပြန်ထိုင်ကျသွားသည်။ လူတစ်ယောက် ကိုယ့်ရှေ့မှာနီးနီးကပ်ကပ်ကြီးရှိနေမှန်း သိနေပေမယ့် မျက်လုံးဖွင့်ဖို့အားကမရှိ။
“တစ်ယောက်ထဲပြန်ရင် အန္တရယ်များတယ်လေ”
နားကိုနှုတ်ခမ်းနဲ့ထိကပ်သည်အထိ ကပ်ပြောလာတဲ့လေသံဩလျှလျှကြောင့် လူပါတုန်သွားရသည်။
မူးနေပါတယ်ဆိုမှ ဘာလဲ။
ခေါင်းကို နှစ်ချက်လောက် ခပ်ပြင်းပြင်းခါရမ်းလိုက်ကာ မျက်စိကို ဖွင့်ကြည့်တဲ့အခါ မြင်ရတာက ခပ်ချွန်ချွန်နှာခေါင်းရဲ့ထိပ်နဲ့ မှဲ့နက်လေး။
နေဦးဒါမဟုတ်သေးဘူး။
“အိမ်…ပြန်ရမယ်” စိတ်ပျက်စရာကောင်းအောင် လေးလေးလံလံနဲ့ပြောလိုက်မိသည်။
“hkk…စိတ်မပူပါနဲ့ ကိုယ့်ကိုပဲကြည့်” ခပ်ဟဟရယ်သံနဲ့ပြန်ပြောလာတဲ့လေသံတိုးတိုး။
ပြီးနောက်ခါးပေါ်ရောက်လာတဲ့သူ့လက်တွေနဲ့ နှုတ်ခမ်းကိုထိတွေ့လာတဲ့ နှုတ်ခမ်းနွေးနွေး။
နောက်ဆုံးခေါင်းထဲရောက်လာတဲ့ အတွေးက
ငါတော့သွားပြီ...။
… … … … … … …
အလင်းရောင်စူးစူးကို သတိထားမိလိုက်ချိန် မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်ပေမယ့် တော်တော်နဲ့ဖွင့်မရ။ တဖြည်းဖြည်း အသိစိတ်ကပ်လာတာတဲ့အမျှ နားထဲပီပီပြင်ပြင်ကြားလာရတာက ရေသံ။ရေကျနေတဲ့အသံ။
နေဦး!!!!။ ငါ့အိမ်မှာဘယ်သူကရေလာချိုး.....။ အလန့်တကြားထထိုင်လိုက်မိခြင်းနဲ့အတူ ခေါင်းကပါ
တပါတည်းထိုးကိုက်လာခဲ့သည်။ စောက်ကောင်းကျိုးမပေးတဲ့အရက်။ ခေါင်းကို လက်ဖနှောင့်နဲ့ဖိကာ ခဏထိုင်နေလိုက်ရင်းက...။ တဖြည်းဖြည်းဝိုးတဝါးမြင်လာရတဲ့ မနေ့ညက ပုံရိပ်တွေ၊ ပြန်ခံစားမိလာရတဲ့ အထိအတွေ့တွေ...။ ချီးးးးးး ။
ခုနကဖွင့်မရတဲ့မျက်လုံးဟာပြူးခနဲပွင့်သည်။ စောင်ကိုဆွဲဖယ်လိုက်ပြီးမှ ကိုယ့်အဖြစ်ကိုယ်ပြန်သတိရကာ စောင်တစ်ခုလုံးနဲ့ တစ်ကိုယ်လုံးကို လုံးထွေးပတ်ထားလိုက်မိသည်။ ပြီးနောက် ကြမ်းပြင်မှာ တစစီပြန်ကျဲနေတဲ့အ၀တ်တို့ကိုကောက်ကာ ဖြစ်သလို၀တ်၍ Hotelခန်းအပြင်သို့အပြေးတပိုင်းပြေးထွက်ခဲ့တော့သည်။
တစ်ခဏ အကြာမှာ ရေချိုးခန်းထဲကထွက်လာတဲ့ တစ်ယောက်ကတော့ ဖရိုဖရဲကျန်ခဲ့တဲ့ အိပ်ခန်းကို တစ်ချက်ဝေ့ကြည့်ကာ နှုတ်ခမ်းလေးတစ်ဖက်ကော့တက်သွားအောင်ပြုံးလိုက်လေသည်။
............................
3 months later....

𝙾𝚗𝚎 𝙽𝚒𝚐𝚑𝚝 𝚆𝚒𝚝𝚑 𝚝𝚑𝚅 🍷Nơi câu chuyện tồn tại. Hãy khám phá bây giờ