"ဟား..ဟား ရိပေါ်ရာ
မင်းကောင်လေးကတကယ်မလွယ်တာဘဲ"

"ကျွန်တော်လည်းအခက်တွေ့နေတာဘဲလေ
အမတ်ကြီးတို့မျက်စိကျမှာလည်းစိတ်ပူရသေးတယ်
ကျွန်တော်ကအကြောင်းမဟုတ်ဘူး"

"မင်းမရရအောင်ယူထားတာဘဲလေ
မင်းသူသဘောမတူရက်နဲ့ရအောင်ယူခဲ့တာဆို အဲ့ညက"

"ကျွန်တော်သူ့အပေါ်အနိုင့်ကျင့်မိသွားတာဝန်ခံတယ်
ဒါပေမယ့်သူ့ကိုအဲ့လိုမသိမ်းဘဲနဲ့သူ့ကိုဒီတသတ်ထိတွေ့နိုင်တော့မှာမဟုတ်ဘူး
ကျွန်တော်ကသူ့အစေခံဖြစ်ခဲ့ဖူးတယ်ဆိုတဲ့အချက်နဲ့တင်ကျွန်တော်တို့ဝေးဖို့လုံလောက်ပါတယ်
သူဘယ်လောက်မာနကြီးမှန်းအရှင်မသိပါဘူး"

ဝမ်ရိပေါ်မျက်နှာပေါ်မှာသူမမြင်ဖူးခဲ့တဲ့အားငယ်မှုတွေမြင်ရသည်။ မင်ရှောင်လုံကဝမ်ရိပေါ်ပုခုံးကိုပုတ်လိုက်ပြီးလက်နဲ့ဖျစ်ကာအားပေးလိုက်သည်။ သူဘုရင်မဖြစ်ခင်အချိန်ကပင်သူတို့နှစ်ယောက်အတူတိုက်ပွဲဝင်လာခဲ့ကြတာ။ ဒီလူငယ်လေးရဲ့အောင်မြင်မှု၊ကျရှုံးမှု‌တွေ၊အချစ်ကြီးမှုတွေကိုသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ပင်..။
လူတစ်ယောက်ကိုအချိန်အကြာကြီးအဲ့လောက်တောင်ချစ်နိုင်တာလား..။ သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ညီမလေးကိုတောင်တချက်မကြည့်ဘဲနဲ့လေ..

ဝမ်ရိပေါ်ရဲ့ခိုင်မာတဲ့စိတ်ကြောင့်သူ့ညီမနဲ့အောင်သွယ်ဖို့စိတ်ကိုမြန်မြန်ဖျောက်လိုက်ရသည်။ တကယ်လည်းသူဘုရင်ဖြစ်လာပြီးဝမ်ရိပေါ်ကိုမြှောက်စားလိုက်တော့သိပ်မကြာခင်ဒီနှစ်အတွင်းမှာဘဲဟိုကောင်လေးကိုအတင်းသိမ်းပိုက်လာခဲ့ပြန်သည်။ လူတစ်ယောက်ရဲ့စွဲလန်းမှုနဲ့ဇွဲကြီးမှုကကိုယ်ချစ်ရတဲ့သူကိုတင့်တောင့်တင့်တယ်နဲ့ယူနိုင်တဲ့အထိလှုံ့ဆော်မှုဖြစ်စေခဲ့လေသည်။

"မင်းကောင်လေးလုပ်ချင်တာလုပ်ခွင့်ပေးလိုက်! ငါခွင့်ပြုတယ်
သူမင်းကိုမကြာခင်ပြန်ချစ်လာလိမ့်မယ်လို့ငါထင်တယ်"

"အဲ့လိုဘဲမျှော်လင့်ရတာဘဲ
အတင်းသိမ်းပိုက်ပြီးမှရထားတာဆိုတော့သိပ်မမျှော်လင့်ရဲဘူး
သူ့မျက်လုံးထဲမှာကျွန်တော်ဘယ်လောက်ရာထူးမြင့်မြင့်အရင်ကအစေခံကောင်လေးတစ်ယောက်ထက်အပြင်ပိုမနေဘူး"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now