အလယ်တန်းနောက်ဆုံးနှစ်
သူ figure skating တိုင်းအဆင့်ပြိုင်ရမယ့်နေ့။ မြို့နယ်အဆင့် အဆင့်ဆင့်ကိုဖြတ်ကျော်လာပြီးနောက်မှာမှ ဒီနေရာရောက်လာခဲ့တာ။ သိပ်တော့မထူးဆန်း။ သူဆိုတဲ့ ပတ်ဆောင်းဟွန်းက အရင်နှစ်တွေထဲက နိုင်ငံတော်အဆင့်Gold metalဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီးသားမဟုတ်လား။

ဒါတွေဟာ ဂျယ်ယွန်းကြောင့်လို့ပဲ ပြောရမယ်။ ပြိုင်ရတာကသူ၊ ကြိုးစားရတာလဲ သူကိုယ်တိုင်ပေမယ့် ဂျယ်ယွန်းအားပေးစကားလေးများ မကြားခဲ့ရရင် figure skater Park Sung Hoonဆိုတာ ရှိလာမှာတောင်မဟုတ်။

အခုလဲ သူ ပရိတ်သတ်တွေထိုင်နေတဲ့စင်ဘက် ခဏဏကြည့်နေမိတယ်။ ဂျယ်ယွန်းကို VVIPလက်မှတ်ပေးထားတာကြောင့် လာတာနဲ့ တန်းမြင်ရမှာ။ ပွဲကစတော့မယ် အရိပ်အရောင်တောင်မတွေ့ရသေး။ သူရင်တွေပူလာတယ်။

"အခု figure skatingအတွက် ယှဉ်ပြိုင်မှာကတော့ ပတ်ဆောင်းဟွန်း ဖြစ်ပါတယ်ခင်ဗျားးး"

လော်စပီကာကနေ announcerလူကြီးမင်းရဲ့အသံက ဟိန်းထွက်လာတယ်။ ဆောင်းဟွန်းလက်တွေတုန်လာတယ်။

VVIPတန်းဘက်ကြည့်လိုက်တယ်။ ဂျယ်ယွန်းကိုမတွေ့ရ။

ဆောင်းဟွန်း တဖြည်းဖြည်းအရှိန်ယူပြီး ရေခဲပြင်ပေါ် စကိတ်စစီးနေလိုက်တယ်။ Flip jump, Toe Loop Jumpတွေလုပ်နေပေမယ့် သူမျက်လုံးတွေက ပရိတ်သက်စင်တန်းဘက် ခဏဏလှည့်ကြည့်နေမိတုန်း။

တလျှောက်လုံး သူဘာတွေလုပ်နေမိခဲ့လဲမသိ။ နောက်ဆုံး အခက်ခဲဆုံးတွေထဲကတစ်ကွက်ဖြစ်တဲ့ လေထဲလေးခါလောက်လှည့်တဲ့အကွက်ကို လုပ်ဖို့ပြင်လိုက်စဉ်မှာပဲ ရေခဲပြင်စကိတ်ကွင်းကိုအုပ်မိုးထားတဲ့ခေါင်မိုးနဲ့တွဲချည်လျက်သား စပီကာက သူ့အပေါ်တည့်တည့် ပြုတ်ကျလာတယ်။

သူလဲအသံကြားလို့မော့ကြည့်မိတာနဲ့ တန်းရှောင်လိုက်တာပဲ။ သိပ်တော့ ကံကောင်းလှတယ်ရယ်မဟုတ်ပါဘူး။ သူ့အပေါ် စပီကာပြုတ်မကျတဲ့တိုင် သူကတော့ အရှောင်လွန်ပြီး ခြေချင်းဝတ်လည်ထွက်သွားတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now