"ဘာလို့ဆေးလိပ်သောက်နေတာလဲ"

"အင်း နည်းနည်းစိတ်ညစ်နေလို့"

"ဘာတွေစိတ်ညစ်နေတာလဲ ကျွန်တော်ဒီလောက်ချစ်ပေးနေတာတောင် စိတ်ညစ်သေးတယ်ပေါ့"

ရှောင်းကျန့်ကခပ်မဲ့မဲ့နဲ့ဆိုတော့ ရိပေါ်မှာသဘောတကျနဲ့ အသံထွက်အောင်ရယ်လိုက်ပြီး ဆေးလိပ်ကိုတစ်ချက်ရှိုက်လိုက်ကာ ဆေးလိပ်ငွေ့ကိုရှောင်းကျန့်မျက်နှာထံမှုတ်ထုတ်လိုက်သည်။ ရှောင်းကျန့်ကဆေးလိပ်ငွေ့တွေမှုန်သွားတာမို့ တစ်ဟွတ်ဟွတ်နဲ့ချောင်းတွေဆိုးတော့တာပဲ။ ရိပေါ်ကမျက်နှာလေးနီလာတဲ့ရှောင်းကျန့်ကိုကြည့်ပြီးပြုံးနေတယ်။ ရှောင်းကျန့်ကသက်သာသွားတော့ ရိပေါ်ရင်ဘတ်ကိုဖက်ခနဲရိုက်ပလိုက်ပြီး

"ခဗျားကျွန်တော့်ကိုရန်လာမစနဲ့နော်"

ရိပေါ်ကခပ်ဟဟရယ်ပြီး

"အမလေး ကျုပ်အသက်ကကြောက်ဖို့ကောင်းလို့ မကျီစယ်ရဲတော့ပါဘူး"

ရှောင်းကျန့်ကရိပေါ်ကိုမျက်စောင်းထိုးပြီး

"ပြောင်ချော်ချော်နဲ့"

ရိပေါ်က နောက်ထပ်ဆေးလိပ်တစ်ချက်ဖွာလိုက်ပြီး ခေါင်းဘေးစောင်းကာဆေးလိပ်ငွေ့ကိုမှုတ်ထုတ်လိုက်သည်။ ပြီးတော့ရှောင်းကျန့်စီဆေးလိပ်ငွေ့တွေရောက်မှာဆိုးတာကြောင့် ဆေးလိပ်ငွေ့တွေကို သူ့လက်နဲ့ဖယ်ရှားလိုက်တယ်။ ရှောင်းကျန့်ကရိပေါ်ကိုကြည့်နေရင်း ရိပေါ်လက်ကြားထဲဆေးလိပ်တိုလေးကိုဆွဲထုတ်လိုက်ပြီး ဆေးလိပ်ပြာခွက်ထဲတွင်ဖိချေလိုက်သည်။ ပြီးနောက် ရိပေါ်ရဲ့ပါးကိုအုပ်ကိုင်ပြီး နှုတ်ခမ်းလေးကိုခပ်ဖွဖွထိကပ်လိုက်သည်။ အင်းးးစီးကရက်နံ့လေး။ ရိပေါ်ကတော့ရှောင်းကျန့်ရဲ့မျက်လုံးတွေနဲ့နှုတ်ခမ်းကိုသာစိုက်ကြည့်နေသည်။

"အိမ်ကလူ အဲလိုဆေးလိပ်တွေသောက်ပြီး ကိုယ့်ကျန်းမာရေးကိုထိခိုက်အောင်လုပ်နေမယ့်အစား ကျွန်တော့်နှုတ်ခမ်းကိုနမ်းပါလား ဘာ‌ဘေးထွက်ဆိုးကျိုးမှမရှိတဲ့ပစ္စည်းလေးနော် ပြီးတော့ရှားရှားပါးပါး ဒီကမြို့ပိုင်မင်းကိုပဲသီးသန့်ရောင်းချနေတာ"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now