“အကြောင်းပြချက်က ဘာလဲ။ အကြောင်းပြချက်က ဘာဖြစ်နေနေ ခုမနက် ရုံးဖွင့်ချိန်ကျ ဆက်သွယ်ရေးကို သွားပြီးတော့ ကိုဆန်းလွင်သူဆီစာပို့တဲ့ ဖုန်းနံပါတ်တည်နေရာကိုရှာကြည့်လိုက်။ ပြီးတော့ Zaya Group က ရောင်းထုတ်တာတွေအကုန်လုံး ဝယ်နိုင်သမျှအကုန်သာဝယ်ထား”

“King ဒီမနက် ဘယ်သွားဖို့ရှိမလဲ”

“ကျွန်တော်လား။ ကျွန်တော်က အမှန်တရားရှိမယ့်ဆီ”

*****

“ငါ မသိဘူးလို့ မင်းကိုဘယ်နှခါပြောရမလဲ။ မင်းလူလိုနားမလည်ဘူးလား။ အခုချက်ချင်း ငါ့အိမ်ထဲကထွက်သွား”

King ရဲ့ရှပ်အင်္ကျီရင်ဘတ်ကို လက်နှစ်ဖက်နဲ့တင်းတင်းဆုပ်ပြီး အော်ဟစ်နေတဲ့ ဦးကျော်ကျော်ထွန်း။ ဒေါသကြောင့် မျက်ခမ်းစပ်တွေလည်း နီရဲနေပြီဖြစ်သည်။

“ပြန်လိုက်ပါတော့ ကောင်လေးရယ်။ အန်တီယောက်ျားမှာ သွေးတိုးရှိလို့ပါ။ ကြာရင် နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းပါဘူးကွယ်”

ဦးကျော်ကျော်ထွန်းလက်တွေကို ဖြေချလို့ မျက်ရည်တွေရစ်သိုင်းပြီး ပြောလာသည့် ဦးကျော်ကျော်ထွန်း အမျိုးသမီး။ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကြီးကို အခန်းတံခါးအကွယ်က ချောင်းကြည့်နေသည့် ကလေးနှစ်ယောက်ကလည်း တိတ်တိတ်ကျိတ်ငိုနေကြသည်။ King မျက်လုံးတွေကို မှိတ်ချပြီး သက်ပြင်းသာချနိုင်၏။ ဦးကျော်ကျော်ထွန်းလက်တွေက လွတ်မြောက်သွားတော့ King ကိုယ်တိုင်လည်း အရုပ်ကြိုးပြတ် ဒူးထောက်ချမိသည်။

“၁၂နှစ်အရွယ်ကောင်လေး။ ဦး သားအကြီးအရွယ်လောက်ဖြစ်မလား”

တစ်လုံးချင်းပြောနေသည့် King ကို ဦးကျော်ကျော်ထွန်းနဲ့ သူ့အမျိုးသမီးတို့က ငေးစိုက်ကြည့်လာသည်။

“ဦးနဲ့ဦးမိန်းမ အသတ်ခံရတာကို ဦးသားနှစ်ယောက်က မျက်မြင်ကိုယ်တွေ့ကြည့်နေရတာဆိုရင် ဦးဘယ်လို ခံစားရမလဲ”

“ဟာကွာ...မင်းတော့”

ဝုန်း!

“အို...တော်ပါတော့ ကိုကျော်ရယ် လွှတ်ပေးလိုက်ပါတော့”

KING        Where stories live. Discover now